A d v e r t i s e m e n t With Us

လွှတ်​တော်ထဲက မူး​ယစ်ရာဇာ အမည်ရ အစီရင်ခံစာထုတ်ပြန်

ရှမ်း​ပြည်မူး​ယစ်​ဆေး​ဝါး​ ​စောင့်​ကြည့်​အဖွဲ့​က​နေ လွှတ်​တော်ထဲက မူး​ယစ်ရာဇာ (Druglords in Parliament) လို့​ အမည်ရတဲ့​ အစီရင်ခံစာတစ်​စောင် ဒီက​နေ့​ ​နေ့​စွဲနဲ့​ထုတ်ပြန်လိုက်ပါတယ်။ ဒီတ​ခေါက်ထုတ်​ဝေတဲ့​ စတုတ္ထ​မြောက် အစီရင်ခံစာမှာ​တော့​ ​ရွေး​ကောက်ပွဲဝင် လွှတ်​တော်အမတ် ၇ ဦး​ ဘိန်း​စိုက်ပျိုး​ရေး​လုပ်ငန်း​နဲ့​ မဲဆွယ်မှုရှိခဲ့​တဲ့​ အ​ကြောင်း​တွေကို ဦး​စား​ပေး​ ​ဖော်ပြခဲ့​တယ်လို့​ မူး​ယစ်​ဆေး​ဝါး​စောင့်​ကြည့်​ ​လေ့​လာ​ရေး​အဖွဲ့​ ဥက္ကဋ္ဌ ဦး​ခွန်း​ဆိုင်က ​ပြောပါတယ်။ “ပြီး​ခဲ့​တဲ့​နှစ်မှာ ​ရွေး​ကောက်ပွဲ ဖြစ်တဲ့​အခါကျ​တော့​ မဲဆွယ်မှု​တွေ ရှိတယ်။ ဒီမဲဆွယ်မှု​တွေထဲမှာ ဘိန်း​စိုက်ပျိုး​မှုနဲ့​ ပတ်သက်ပြီး​တော့​မှ အခွင့်​အ​ရေး​ပေး​ဖို့​ မဲဆွယ်တာ​တွေ ရှိခဲ့​တယ်။ မဲဆွယ်ပြီး​တော့​မှ ​နောက်ပိုင်း​ တကယ်တမ်း​ ​ရွေး​ကောက်ပွဲဖြစ်ပြီး​တော့​ အနိုင်ရတဲ့​အခါကျ​တော့​ ဘိန်း​စိုက်ပျိုး​မှုက ပိုပြီး​တော့​တိုး​တက်လာတယ်ဆိုတာကို တင်ပြထား​ပါတယ်။” ရှမ်း​ပြည်​မြောက်ပိုင်း​ နမ့်​ခမ်း​မြို့​နယ်၊​ ကွတ်ခိုင်မြို့​နယ်၊​ မိုင်း​ပေါ့​နဲ့​ ​လောက်ကိုင်​ဒေသ ကိုး​ကန့်​ဒေသက အမျိုး​သား​လွှတ်​တော်အမတ် ၁ ဦး​၊​ ပြည်သူ့​လွှတ်​တော်အမတ် ၂ ဦး​၊​ ပြည်နယ်လွှတ်​တော်အမတ် ၄ ဦး​တို့​ဟာ ၂၀၁ဝ​ရွေး​ကောက်ပွဲ ကာလ​တွေတုန်း​က ပြည်​ထောင်စုကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီက​နေ အမတ်​နေရာရဖို့​အတွက် ​ဒေသခံပြည်သူ​တွေကို ဘိန်း​စိုက်ပျိုး​ခွင့်​ ​ပေး​မယ်လို့​ပြောပြီး​ မဲဆွယ်ခဲ့​ပါတယ်။ အာဏာရပြီး​တဲ့​အခါမှာလည်း​ ဘိန်း​စိုက်ပျိုး​တဲ့​သူ​တွေဆီက​နေ အခွန်​ငွေ​တွေယူသလို ကိုယ်တိုင်လည်း​ လုပ်ငန်း​တွေမှာ သွယ်ဝိုက်ပြီး​ ပတ်သက်​နေပါတယ်။ ဒါ​ကြောင့်​ ​ဒေသထဲမှာ အရင်နှစ်ထက် ဘိန်း​အထွက်တိုး​နှုန်း​မြင့်​မား​ပြီး​ လူငယ်လူရွယ်​တွေ ကြား​မှာလည်း​ မူး​ယစ်​ဆေး​ဝါး​သုံး​စွဲမှု​တွေ များ​ပြား​လာတယ်လို့​ အဲဒီအစီရင်ခံစာထဲမှာ ​ဖော်ပြထား​ပါတယ်။ ဦး​ခွန်း​ဆိုင်က ရှမ်း​ပြည်နယ်ထဲက “မူး​ယစ်​ဆေး​ဝါး​ တိုး​ပွား​မှုပြသနာဟာ တိုင်း​ပြည်က နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ပြသနာ​တွေ အ​ပေါ်မှာမူတည်ပြီး​ဖြစ်လာရတယ်၊​ နိုင်ငံ​ရေး​ မတည်ငြိမ်​တော့​ တိုင်း​ရင်း​သား​လက်နက်ကိုင် တိုက်ပွဲ​တွေဖြစ်တယ်။ ဒါ​တွေနဲ့​ ဆက်နွှယ်ပြီး​ မူး​ယစ်​ဆေး​ဝါး​နဲ့​ မပတ်သက်ချင်လည်း​ ပတ်သက်​နေရတာ ရှိတယ်။ မူး​ယစ်​ဆေး​ဝါး​လုံး​ဝ ပ​ပျောက်ဖို့​အတွက် အကြမ်း​ဖက်နှိမ်နင်း​ နည်း​မသုံး​ဘဲ နိုင်ငံ​ရေး​တည်ငြိမ် ငြိမ်း​ချမ်း​မှုရှိ​အောင် အစိုး​ရက ကြိုး​စား​သင့်​တယ်လို့​ ဆက်​ပြောပါတယ်။ လွှတ်​တော်ထဲက မူး​ယစ်ရာဇာလို့​ အမည်​ပေး​ထား​တဲ့​ ဒီအစီရင်ခံစာနဲ့​ ပတ်သက်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲကို ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​မှာ ဒီက​နေ့​ မနက် ၁ဝနာရီက​နေ မွန်း​တည့်​ ၁၂ နာရီအထိ ပြုလုပ်ခဲ့​ပါတယ်။ ရှမ်း​ပြည်မူး​ယစ်​ဆေး​ဝါး​စောင့်​ကြည့်​ရေး​အဖွဲ့​ဟာ ၂၀၀၃ ခုနှစ်ကစပြီး​ မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်တဲ့​ အစီရင်ခံစာ​တွေ အလျဉ်း​သင့်​သလို စု​ဆောင်း​တင်ပြခဲ့​တာမှာ အစိုး​ရက​ကြေညာထား​တဲ့​ မူး​ယစ်​ဆေး​ဝါး​ပ​ပျောက်​ရေး​ ၁၅ နှစ်စီမံကိန်း​ပေါ် အ​ခြေခံပြီး​ ရှမ်း​ပြည်ထဲက ဘိန်း​စိုက်ပျိုး​ထုတ်လုပ်မှု အ​ခြေအ​နေ​တွေကို တင်ပြခဲ့​တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up