မုံးကိုးမြို့တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
December 6, 2016
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ အမှတ် ၂ ရပ်ကွက်ရှိ နေအိမ် တစ်လုံးကို ၀င်ရောက်ရှင်းလင်းစဉ် လက်နက်ကိုင်အဖွဲ့တွေ ကျန်ရစ်ခဲ့တဲ့ လက်နက်၊ ကျည်ဆန်နဲ့ လက်ပစ်ဗုံးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၄ ရက် ညနေက စစ်ကူ ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းတွေက မုံးကိုးမြို့လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းစဉ်မှာ မနေ့က အာပီဂျီ ၁ လက်၊ အမ် ၂၂ သေနတ် ၃ လက်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ၆ လုံးနှင့် မိုင်း ၁ လုံးတို့ကို သိမ်းဆည်း ရမိခဲ့တာလို့ဆိုပါတယ်။
မုန်းကိုးတိုက်ပွဲအပြီး ဒီဇင်ဘာ ၄ ရက်မှ ဒီနေ့အထိ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၃၀၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ၆ လုံး၊ မိုင်း ၁ လုံးနှင့် အလောင်းတချို့ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။