Home
မြန်မာသတင်း
မြေနီကုန်း ဓားပြတိုက်မှု၊ အနီးတ၀ိုက်ရှိ ယောင်္ကျားလေး အဆောင်နေသူများကို ခေါ်ယူစစ်ဆေး
မျိုးဇော်လင်း
·
December 6, 2016
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်းမြောက်ရပ်ကွက် ရှမ်းကုန်းလမ်းရှိ နိုင်ငံခြား ငွေလဲကောင်တာမှာ သေနတ်ပစ်ဖောက် ဓားပြတိုက်မှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက အနီးတဝိုက်ရှိ ယောင်္ကျားလေးအဆောင်နေသူတွေနဲ့ တာဝန်ရှိသူတွေကို ရပ်ကွက်ရုံးမှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ရပ်ကွက် ဥက္ကဋ္ဌကတော့ ရဲလုပ်ငန်းစဉ်တွေအရ ခေါ်ယူတွေ့ဆုံပေးခဲ့တာဖြစ်ပြီး တရားခံ ဖမ်းဆီးရေး ကိုတော့ နယ်မြေခံရဲ တပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူတွေ လိုက်လံစုံစမ်းနေတယ်လို့ပြောပါတယ်။ MS Group Money Exchange ကောင်တာမှာ ဒီဇင်ဘာ ၃ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားပြတိုက်သူတွေက ငွေလဲကောင်တာတွင်းကို မျက်နှာဖုံးစွပ်တွေနဲ့ ဝင်ရောက်ခဲ့သလို သေနတ်ပစ်ဖောက်မှုလည်း ဖြစ်ပွားခဲ့တာပါ။ ဓားပြ ၂ယောက်ဟာ မြန်မာငွေကျပ်သိန်း ၁၅၀၊ ကောင်တာအံဆွဲအတွင်းမှ အမေရိကန်ဒေါ်လာ ၁၅၀၀၀ နဲ့ ငွေကျပ် ၄ သိန်းခန့်တန်ဖိုးရှိ ဖုန်းငွေဖြည့် ကတ်မျိုးစုံ၊ လက်ကိုင်ဖုန်း ၄ လုံးနဲ့ ခရီးဆောင် အိတ် ၁ လုံးတို့ကို ယူဆောင်သွားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ခုချိန်ထိတော့ တရားခံတွေကို ဖမ်းမိခြင်း မရှိသေးပဲ အခင်းဖြစ်တဲ့ ရှမ်းကုန်းလမ်းမှာ ရဲကင်းလုံခြုံရေးတွေ တိုးမြှင့်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024