မန်စီးတီး ၁-၃ ချဲလ်ဆီး၊ အသင်းသားများအပြုမူ ဂွါဒီယိုလာတောင်းပန် (ရုပ်သံဟိုက်လိုက်)

2.4K
မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက သူ့အသင်းတွေရဲ့ အပြုအမှုနဲ့ လုပ်ရပ်တွေအတွက် တောင်းပန်ကြောင်း ပြောဆိုလိုက်ပါတယ်။
မန်စီးတီးက အိမ်ကွင်းမှာ ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ စီးတီး ကစားသမားတွေနဲ့ ချဲလ်ဆီး ကစားသမားတွေ အချင်းများပြီး ကိုယ်ထိလက်ရောက် ပြုမှုတွေ လုပ်ခဲ့ပါတယ်။
စီးတီး တိုက်စစ်မှူး အဂူရိုက ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်တဲ့အတွက် အထုတ်ခံရသလို ကွင်းလယ်သမား ဖာနန်ဒင်ဟိုကတော့ ချဲလ်ဆီး ကစားသမား ဖာဘရီဂတ်စ်ကို ကိုယ်ထိလက်ရောက် ပြုမှုတဲ့အတွက် အထုတ်ခံရပါတယ်။
အခုလို ဖြစ်ရပ်အတွက် တောင်းပန်ကြောင်း မန်စီးတီး နည်းပြက ပြောပါတယ်။ အထုတ်ခံရတဲ့အတွက် အဂူရိုက ၄ ပွဲပယ် ခံရမှာ ဖြစ်ပြီး ဖာနန်ဒင်ဟိုကတော့ ၃ ပွဲအထိ အပယ်ခံရနိုင်ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးအတွက် ဂိုးတွေကို တန်ပြန်တိုက်စစ်တွေကနေ ကော်စတာ၊ ၀ီလျံနဲ့ ဟာဇက်တို့က သွင်းယူတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ၃၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပါတယ်။