Home
မြန်မာသတင်း
ခရမ်းမြို့နယ်တွင် ၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွား
DVB
·
December 3, 2016
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် မောင်းမကျေးရွာရှိ နေအိမ်တစ်လုံးမှာ ဒီဇင်ဘာ ၂ ရက်နေ့က နှစ်လောင်းပြိုင်လူသတ်မှုတခုဖြစ်ပွားခဲ့တယ်လို့ ခရမ်းရဲစခန်းက တာဝန်ကျ ရဲအရာရှိတဦးက ပြောပါတယ်။ သေဆုံးသူ အမျိုးသမီးနှစ်ဦးရဲ့အလောင်းကို နေအိမ်အပေါ်ထပ်မှာ ဒီဇင်ဘာ ၂ ရက် မနက် ၇ နာရီကျော်အချိန်မှာ စတင်တွေ့ရှိခဲ့ပြီး ဘာကြောင့် သတ်သွားတာလဲဆိုတာတော့ မသိသေးဘဲ အလောင်းကိုတော့ ခရမ်း ပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ အရာရှိကဆက်ပြောပါတယ်။ အသတ်ခံရတဲ့ အမျိုးသမီးနှစ်ဦးမှာ အသက် ၂၀ အရွယ်ရှိ မဆုနှင်းဝေနဲ့ အသက် ၂၈ နှစ်အရွယ်ရှိ မစန္ဒာဝင်းတို့ဖြစ်ပြီး ဆွေမျိုးနီးစပ်ကာ နေအိမ်အပေါ်ထပ်မှာပဲ ဓားဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမျိုးသမီးနှစ်ဦးကို နေအိမ်ပေါ်တက်ကာ လူသတ်မှုကျူးလွန်ခဲ့သူတွေကို လိုက်လံရှာဖွေနေပြီး လူသတ်မှုဖြစ်ပွားခဲ့တဲ့အတွက် အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းဖြစ်ပွားနေတဲ့ လူသတ်မှုတွေထဲမှာ ၄ လောင်းပြိုင်လူသတ်မှုနဲ့ တခြားဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ အမှုတွေများစွာကျန်နေပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024