Home
မြန်မာသတင်း
မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့
DVB
·
December 2, 2016
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့အရေး "စုံစမ်းစစ်ဆေးရေး ကော်မရှင်" တခုကို သမ္မတဦးထင်ကျော်က ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။ ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၃ ဦးပါ ကော်မရှင်ဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပေါ်ရတဲ့ နောက်ခံအခြေအနေ၊ အဖြစ်မှန်ပေါ်ပေါက်ရေး၊ နောင် အလားတူ မဖြစ်ပွားစေရေးနဲ့ ဖြစ်စဉ်များနဲ့ပတ်သက်လို့ တရားဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ ကိုင်တွယ်လုပ်ဆောင်ခြင်း ရှိ မရှိ စစ်ဆေးပြီး သမ္မတထံ သုံးသပ်အကြံပြု တင်ပြရမှာ ဖြစ်ပါတယ်။ မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို သမ္မတထံ ၂၀၁၇ ခုနှစ် ၃၁ ရက် နောက်ဆုံးထားပြီး တင်ပြရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကစလို့ အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ အကာ မူလ် မူဂျာဟီဒင်န် (Aqa Mul Mujahidin) အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024