ရွှေ ၃၉ ကီလိုထည့်ထားသည့်သံပုံး ခိုးယူသွားသူကို နယူးယောက်ရဲ စုံစမ်းရှာဖွေနေ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ရွှေ ၃၉ ကီလိုထည့်ထားတဲ့ သံပုံးတပုံးကို သူခိုးတယောက်က အစောင့်တွေအလစ်မှာ ခိုးယူသွားလို့ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေပါတယ်။ လုံခြုံရေးကင်မရာတွေက ရိုက်ယူထားတဲ့ ရုပ်သံပုံတွေမှာ ရွှေပုံးကို တင်ဆောင်လာတဲ့ လုံခြုံရေးအဆင့်မြင့်ကားမှာ ၀န်ထမ်းတွေ စက္ကန့် ၂၀ လောက် လွတ်သွားတဲ့အချိန်မှာ သူခိုးက ရွှေပုံးကို မ သွားခဲ့တာပါ။ သူခိုးပုံစံကြည့်ရတာ အဲဒီပတ်ဝန်းကျင်မှာ မယောင်မလည်နဲ့ စောင့်နေပုံပေါ်ပြီး ခိုးသာခိုးသွားတယ်၊ ဘာပုံးမှန်းတောင် သိပုံမပေါ်ဘူးလို့ နယူးယောက်မြို့ ရဲတပ်ဖွဲ့ အရာရှိက ပြောပါတယ်။ သူခိုးဟာ ၁၀ မိနစ်လောက်ပဲ လျှောက်ရတဲ့ခရီးကို ရွှေပုံးနဲ့ တနာရီလောက် မ သွားရတာကို လုံခြုံရေးကင်မရာတွေမှာ တွေ့မြင်ရပါတယ်။ သူခိုးဟာ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့ ဒါမှမဟုတ် မိုင်ယာမီဧရိယာမှာ ပုန်းအောင်းနေပုံရတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ နယူးယောက်မြို့က လူစည်ကားတဲ့ မန်ဟတ်တန်မှာ စက်တင်ဘာ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၅၀၊ ၆၀ အရွယ်၊ အရပ် ၅ ပေခွဲလောက်ရှိမယ်လို့ ခန့်မှန်းရပြီး စပိန်စကားပြော လက်တင်အမေရိကန်တဦးဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

More News
Up