ကံကြမ္မာဆိုးနှင့်မကြုံရခင် ဘရာဇီးဘောလုံးသမားများ၏ တဒင်္ဂပျော်ရွှင်မှုပုံရိပ်များ(ရုပ်သံ)

5K
လူတွေရဲ့ ကံကြမ္မာကို တွက်ဆထားလို့ မရပါဘူး။ အချိန်ပိုင်းလေးအတွင်းမှာပဲ အရာရာဟာ ပြောင်းလဲသွားနိုင်ပါတယ်။
ဒီဘောလုံးသမားတွေကတော့ သူတို့ဘ၀မှာ ခုလိုအဖြစ်ဆိုးကြီးကို ကြုံရလိမ့်မယ် လို့ တွေးထားခဲ့မိမယ်မထင်ပါဘူး။
နိုဝင်ဘာလ ၂၈ ရက်နေ့ညပိုင်းက ဖြစ်ပျက်ခဲ့တဲ့ လေယာဉ်မတော်တဆ ပျက်ကျခဲ့မှုမှာ ဘရာဇီးဘောလုံးအသင်းတသင်းဖြစ်တဲ့ ချာပက်ကိုအန်ဆီ(Chapecoense) အသင်းမှ အသင်းသား တွေပါဝင်ခဲ့တာပါ။
သူတို့အသင်းဟာ ဒီကနေ့မှာ မယ်ဒလင်းအခြေစိုက် Atletico Nacional အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ကိုလံဘီယာနိုင်ငံကနေ ထွက်ခွာလာခဲ့တာပါ။
လေယာဉ်ပေါ်မှာ ဘောလုံးသမားတွေအပါအ၀င် ခရီးသည် ၇၂ ဦးနဲ့ လေယာဉ်အ မှုထမ်း ၉ ဦးပါဝင်ပြီး လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတခုကြောင့် အရေးပေါ်အခြေအနေ အဖြစ်ကြေငြာပြီးချိန်မှာ ခုလိုပျက်ကျခဲ့ရတာပါ။
ဒါပေမယ့် ဒီအဖြစ်ဆိုးကြီး မကြုံရခင်အချိန် နာရီပိုင်းအတွင်း အချိန်တဒင်္ဂမှာတော့ သူတို့ဟာ ကံကြမ္မာကို ကြိုမမြင်နိုင်ခဲ့ပါဘူး။
ပြိုင်ပွဲအတွက် ကြိုတင်စိတ်လှုပ်ရှားတက်ကြွနေခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။
ဒါဟာ သူတို့ဘ၀ရဲ့ နောက်ဆုံးရင်ဆိုင်တွေ့ရတဲ့ သေမင်းနဲ့ ကစားရတဲ့ ဂိမ်းတခုလို ဖြစ်ခဲ့ရပါတယ်။
ဒီမတော်တဆမှုအတွက် ဘောလုံးပရိတ်သတ်တွေရော၊ ပြည်သူတွေကပါ ၀မ်း နည်းပူဆွေးနေကြတာပါ။
လူ ၈၁ ဦး တင်ဆောင်လာတဲ့ လေယာဉ်ပျက်ကျမှုကြောင့် နိုဝင်ဘာ ၃၀ ရက် မနက်အထိ သေဆုံးသူ ၇၈ ဦးရှိပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ဆုံး ရရှိတဲ့သတင်းအရ ဒဏ်ရာရသူတွေထဲက ၃ ဦး သေဆုံးသွားပြီလို့ သိရပါတယ်။