Home
မြန်မာသတင်း
ရန်ကုန်တွင် နိုင်ငံခြားအရက်အတု လုပ်ရောင်းသူ ဖမ်းမိ
DVB
·
November 30, 2016
ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်မှာ နိုင်ငံခြားအရက်တု လုပ်သူတဦးကို နိုဝင်ဘာ ၂၈ ရက်က ဖမ်းဆီးအရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်တွေဟာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (က) ရပ်ကွက်၊ အဆင့်မြင့်အိမ်ရာ၊ တိုက် (၉) ရှိ နေအိမ်တိုက်ခန်းအား သတင်းအရ ၀င်ရောက်ရှာဖွေရာမှာ  အိမ်ရှင် ဝေယံလင်း(ခ)လင်းလင်းကို အရက်အတုလုပ်တဲ့ ပစ္စည်းတွေနဲ့ ဖမ်းမိတာဖြစ်ပါတယ်။ ဝေယံလင်းရဲ့အိမ်အတွင်းကနေ နိုင်ငံခြားအရက်အတုပြုလုပ်ရောင်းချရာမှာ အသုံးပြုတဲ့  ဆိုးဆေးဘူးတွေ၊ ရေစစ်ဇကာတွေ၊ ပလတ်စတစ်ကန်တော့တွေ၊ နိုင်ငံခြားအရက်ပုလင်းတွေ ထုပ်ပိုးဖို့ထားရှိတဲ့  ကတ်ထူစက္ကူပြားတွေနဲ့ နိုင်ငံခြားအရက်ပုလင်းခွံမျိုးစုံတို့ကို သိမ်းဆည်း ရမိခဲ့ပါတယ်။ နိုင်ငံခြားအရက်အတုပြုလုပ်သူ ဝေယံလင်း(ခ)လင်းလင်းအား သုဝဏ္ဏနယ်မြေရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ-၄၂၀/၄၆၈/၄၈၆ တို့နဲ့ အမှုဖွင့်အရေးယူ ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024