ဘရာဇီးဘောလုံးအသင်းသားများ ပါဝင်သည့် လေယာဉ်ပျက်ကျ၊ ၆ ဦးလွတ်မြောက်

ဓာတ်ပုံ - အေအက်ဖ်ပီ
ဘရာဇီးနိုင်ငံ ဘောလုံးအသင်းတသင်းမှ အသင်းသားတွေ အပါအ၀င် လူဦးရေစုစုပေါင်း ၈၁ ဦးပါဝင်တဲ့ လေယာဉ်တစင်းဟာ နိုဝင်ဘာ ၂၈ ရက် ညပိုင်းက ကိုလံဘီယာနိုင်ငံကို ထွက်ခွာခဲ့ချိန်မှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူ အနည်းဆုံး ၆ ဦးရှိပြီး လေယာဉ်ပေါ်မှာ ဘောလုံးသမားတွေ အပါအ၀င် ခရီးသည် ၇၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၉ ဦး ပါဝင်တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုလံဘီယာနိုင်ငံ မယ်ဒလင်းလေဆိပ်ဆီ မဆင်းသက်ခင် လေယာဉ်ပျက်ကျခဲ့တဲ့နေရာဟာ တောင်ကုန်းထူထပ်တဲ့နေရာဖြစ်တယ်လို့ တယ်လီဂရပ်ဖ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လာမီယာအမည်ရ ဘိုလီးဗီးယားလေကြောင်းမှ ပြေးဆွဲနေတဲ့ အဆိုပါလေယာဉ်ဟာ ဒေသစံတော်ချိန် ည ၁၀ နာရီမှာ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ရတာပါ။ လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ လေယာဉ်ပေါ်ပါ ဘရာဇီးဘောလုံးအသင်းတသင်းဖြစ်တဲ့ Chapecoense ဘောလုံးအသင်းဟာ လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ မယ်ဒလင်းအခြေစိုက် Atletico Nacional အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ လိုက်ပါခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up