ဆိုစီဒက်နှင့် သရေကျသည့်ပွဲသည် နည်းပြဘ၀ ခြေစွမ်းအဆိုးရွားဆုံးဟု ဘာစီလိုနာနည်းပြ ပြော

1K
ဆိုစီဒက်နဲ့ သရေကျခဲ့တဲ့ပွဲဟာ ဘာစီလိုနာအသင်း နည်းပြဘ၀မှာ ခြေစွမ်းအဆိုးရွားဆုံး ပွဲစဉ် ဖြစ်တယ်လို့ နည်းပြ လူးဝစ်အင်းနရစ်က ပြောကြားလိုက်ပါတယ်။
စပိန်နည်းပြ အင်းနရစ်ဟာ ဘာစီလိုနာအသင်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ကိုင်တွယ်လာတာဖြစ်ပြီး ဆိုစီဒက်နဲ့ပွဲမှာ ဘာစီလိုနာနည်းပြ ဖြစ်လာပြီးနောက်ပိုင်း စိတ်ပျက်စရာခြေစွမ်း ဖြစ်တယ်လို့ ၀န်ခံပြောကြားခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဆိုစီဒက်နဲ့ပွဲမှာ ၁ ဂိုးစီ သရေရလဒ်သာ ကစားနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ၆ မှတ်အထိ ကွာဟခဲ့ပြီ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့် ဒီဇင်ဘာ ၁ ရက်မှာ ကိုပါဒယ်ရေးဖလား ပွဲစဉ်အဖြစ် ဟာကျူလက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လာလီဂါပွဲစဉ် ၁၄ အဖြစ် အိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။