ရွှေမိ ပလတ်စတစ်စက်ရုံအလုပ်သမားများ ဆန္ဒပြ

ရန်ကုန် လှိုင်သာယာ စက်မှုဇုန်-၁ ရွှေမိ ပလတ်စတစ်စက်ရုံက အလုပ်သမား ၃၀၀ လောက်ဟာ ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ကစပြီး စက်ရုံရှေ့မှာ ဆန္ဒပြ တောင်းဆိုနေပါတယ်။ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာ တိုးမြှင့်ပေးဖို့နဲ့ ဓာတုဗေဒ ကိုင်တွယ်လုပ်ကိုင်ရတာတွေအတွက် ကရုဏာကြေး သတ်မှတ်ပေးဖို့ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။ ခုလို ဆန္ဒမပြခင် စက်ရုံတွင်းနဲ့ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးမှာ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရတာကြောင့် ဆန္ဒဖော်ထုတ်ရတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up