Home
မြန်မာသတင်း
မြောက်ဥက္ကလာပဆေးရုံတွင်ရေကန်ကွဲပြီး ၁ ဦးသေ၊ ၁ ဦးအပြင်းထန်ဒဏ်ရာရ
နော်နိုရင်း
·
November 28, 2016
ရန်ကုန်မြောက်ဥက္ကလာပဆေးရုံ သားဖွားမီးယပ်ဆောင်အနားက အများသုံးရေကန်တခု ဒီကနေ့မနက်က ကွဲပျက်သွားလို့ဘေးနား အ၀တ်ထိုင်လျော်နေတဲ့ အမျိုးသမီးတဦး အုတ်ကန်ေ ဘာင်ပိသေဆုံးသွားပြီး နောက်ထပ်တဦးအပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။ သေဆုံးသူအမျိုးသမီးဟာ မရမ်းကုန်း အမှတ် ၅ ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်မေဆဲဖြစ်ပြီး ဆေးရုံမှာမီးဖွားတဲ့ သမီးကို လာရောက်လုပ်ကိုပေးတာဖြစ်ပြီး ကလေးအနှီးထိုင်လျော်စဉ် ကန်ကွဲပြီး အုတ်ကန်ဘောင်ပိသေဆုံးသွားတာလို့ မြောက်ဥက္ကလာပ မြို့မ ရဲစခန်းက တာဝန်ကျ အရာရှိတဦးက ပြောပါတယ်။ “သေတာက ဒေါ်မေဆဲက သေတာ။ သူသမီးက ကလေးလာမွေးတာ။ သူက အ၀တ်တွေကို လျော်ရင်းနဲ့ဖြစ်သွားတာ။ ရဲစခန်းကတော့ သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်။” ရေကန်ကွဲလို့ မ၀ိုင်းစိန်ဆိုသူ အမျိုးသမီးတဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိထားတယ်လို့ရဲက ပြောပါတယ်။ လက်ရှိပျက်စီးကွဲသွားတဲ့ ရေကန်ဟာ မကြာသေးခင်မှ ဆောက်လုပ်ပြီးစီးထားတဲ့ ရေကန် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဖြစ်စဉ်ကို တွေ့ရှိခဲ့တဲ့ မျက်မြင်သက်သေကိုမြင့်ဇော်က “တော်တော်စိတ်မကောင်းဘူးပေါ့ဗျာ။ အမှန်မှာကတော့ ကန်ထရိုက်တာက သူတို့စေတနာနည်းလို့ပေါ့နော်။ ဒီလိုမျိုးက မဖြစ်သင့်ဘူး ပေါ့နော်။ ဆေးရုံမှာဆိုတော့ ပိုဆိုးတာက လူနာတွေ ကန်ဆိုတာ အမြဲအသုံးပြုရမယ့်နေရာတွေ၊ ဒါမျိုးကြီး စေတနာနည်းပြီး အလုပ်အကုန်ပေါ့လျော့တာက မဖြစ်သင့်ဘူးပေါ့။ တော်သေးတာပေါ့ ဒါတယောက်ပဲမို့လို့ တကယ်လို့နေ့ခင်းပိုင်းတို့ ညနေပိုင်းရေချိုးတဲ့အချိန်ဆိုရင် လူအများကြီး သေရင် ဘယ်လိုလုပ်ကြမလဲ။ ဒါကိုလည်း တခုခုတော့ အရေးယူစေချင်ပါတယ်။” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024