A d v e r t i s e m e n t With Us

မြန်မာအား​ကစား​အဖွဲ့​ ​ရွှေတံဆိပ်တခုမှ မဆွတ်ခူး​နိုင်​သေး

အ​ရှေ့​တောင်အာရှ အား​ကစား​ပြိုင်ပွဲ ဆီး​ဂိမ်း​ပြိုင်ပွဲဝင် မြန်မာအား​ကစား​အဖွဲ့​ဟာ နိုဝင်ဘာ ၁၄ ရက်ပွဲစဉ်​တွေ ပြီး​ဆုံး​ချိန်ထိ ​ရွှေတံဆိပ်မဆွတ်ခူး​နိုင်​သေး​ဘဲ ​ငွေတံဆိပ်နဲ့​ကြေး​တံဆိပ်​တွေသာ ဆွတ်ခူး​ထား​ပါတယ်။ [caption id="attachment_17774" align="alignright" width="200" caption="ယမင်းကေခိုင်"][/caption] ၂၀၁၁ ခုနှစ် ၂၆ ကြိမ်​မြောက် ဆီး​ဂိမ်း​ပြိုင်ပွဲကို အင်ဒိုနီး​ရှား​နိုင်ငံ ဂျကာတာမြို့​တော်နဲ့​ ပါလမ်ဘန်း​မြို့​တို့​မှာ နိုဝင်ဘာ ၁၁ ရက်က စတင်ကျင်း​ပ​နေပြီး​ နိုဝင်ဘာ ၁၄ ရက်​နေ့​ ပြိုင်ပွဲ​တွေအပြီး​မှာ အင်ဒိုနီး​ရှား​က ​ရွှေတံဆိပ် ၆၀ ရထား​ပြီး​ ပြိုင်ပွဲကို ဦး​ဆောင်​နေပါတယ်။ မြန်မာအား​ကစား​အဖွဲက​တော့​ ​ရွှေတံဆိပ် မဆွတ်ခူး​နိုင်​သေး​ဘဲ ​ငွေတံဆိပ် ၈ ခုနဲ့​ ​ကြေး​တံဆိပ် ၁၁ ခု ရထား​ပြီး​ ပြိုင်ပွဲဝင် ၁၁ နိုင်ငံထဲမှာ အဆင့်​ ၉ မှာ ရပ်တည်​နေပါတယ်။ ဆုတံဆိပ်ရရှိမှု အ​နေအထား​မှာ လာအိုနဲ့​ က​မ္ဘောဒီး​ယား​တို့​က ​ရွှေတံဆိပ်​တွေ ရရှိထား​တာ​ကြောင့်​ မြန်မာရဲ့​အထက် အဆင့်​ ၇ နဲ့​ အဆင့်​ ၈ ​နေရာ​တွေမှာ ရပ်တည်​နေပါတယ်။ မြန်မာအား​ကစား​အဖွဲ့​ရရှိထား​တဲ့​ ဆုတံတိပ်​တွေကို ကနူး​လှေ​လှော်၊​ ​ပြေး​ခုန်ပစ်၊​ ဘိလိယက်၊​ တိုက်ကွမ်ဒို၊​ ကရာ​တေး​ဒို နဲ့​ဒိုင်ဗင် အား​ကစား​နည်း​တွေမှာ ဆွတ်ခူး​ထား​တာပါ။ မြန်မာအား​ကစား​အဖွဲ့​ ၂၀၁၁ ဆီး​ဂိမ်း​ပြိုင်ပွဲမှာ ​ရွှေတံဆိပ်နဲ့​ဝေး​နေရတဲ့​ အဓိက အ​ကြောင်း​ရင်း​ တရပ်က​တော့​ ဒီပြိုင်ပွဲမှာ ကျိန်း​သေ​ပေါက်နီး​ပါး​ ​ရွှေတံဆိပ်ရမယ်လို့​မျှော်လင့်​ထား​တဲ့​ အား​ထား​ရသူ​တွေက ​မျှော်လင့်​သလို အစွမ်း​မပြနိုင်ဘဲ ​ရွှေတံဆိပ်နဲ့​ဝေး​နေလို့​ဖြစ်ပါတယ် ။ ၂၀၀၉ ဆီး​ဂိမ်း​ပြိုင်ပွဲမှာ တိုက်ကွမ်ဒို ကကွက်ပြိုင်ပွဲက​နေ ​ရွှေတံဆိပ် ဆွတ်ခူး​ထား​တဲ့​ ယမင်း​ကေခိုင်အ​နေနဲ့​ဒီပြိုင်ပွဲမှာ ​ကြေး​တံဆိပ်ပဲ ရခဲ့​ပြီး​၊​ ၂၀၀၉ ​ရွှေတံဆိပ်ရှင် အမျိုး​သမီး​ ၂၀ ကီလိုမီတာ လမ်း​လျှောက် အား​ကစား​သမား​ ​ကေခိုင်မျိုး​ထွန်း​ကလည်း​ ​ငွေတံဆိပ်နဲ့​ကျေနပ်လိုက်ရပါတယ်။ ဆီး​ဂိမ်း​ ၂ ကြိမ်ဆက် ​ရွှေရဖူး​တဲ့​ အမျိုး​သား​နှစ်​ယောက်တွဲ ဘိလိယက်ပွဲစဉ်မှာ လည်း​ မြန်မာအဖွဲ့​က ​ငွေပဲချိတ်ပါတယ်။ ဆီး​ဂိမ်း​ပြိုင်ပွဲ အကြိမ်တိုင်း​လိုလို အနည်း​ဆုံး​ ​ရွှေတံဆိပ် ၂ ခု​လောက် အရယူ​ပေး​ခဲ့​တဲ့​ မြန်မာ​သေနတ်ပစ်အဖွဲ့​ကလည်း​ ​ကြေး​တံဆိပ်​တောင် မဆွတ်ခူး​နိုင်​သေး​ပါဘူး​။ မြန်မာအဖွဲ့​အတွက် ​ရွှေတံဆိပ် ကျိန်း​သေတယ်လို့​ထင်ခဲ့​ကြတဲ့​ ကနူး​လှေ​လှော် ပွဲစဉ်​တွေမှာလည်း​ ​ငွေတံဆိပ် ၃ ခုနဲ့​ကြး​တံဆိပ် ၂ ခုပဲ ရရှိခဲ့​လို့​ မှန်း​ချက်နဲ့​နှမ်း​ထွက် လွဲ​ချော်ခဲ့​ရပြန်ပါတယ်။ ၂၀၀၉ ခုနှစ် ဆီး​ဂိမ်း​ပြိုင်ပွဲမှာ မြန်မာအား​ကစား​အဖွဲ့​ဟာ ​ရွှေတံဆိပ် ၁၂ ခု ဆွတ်ခူး​နိုင်ခဲ့​ပြီး​ လက်ရှိဆီး​ဂိမ်း​ပြိုင်ပွဲမှာ ​ရွှေတံဆိပ် ၁၀ ခု ပြည့်​အောင်​တောင် စွမ်း​ဆောင်နိုင်ပါ့​မလား​ဆိုတာ လက်ကျန်ပြိုင်ပွဲ​တွေကို ​စောင့်​ကြည့်​ရဦး​မှာဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up