ချောင်းကမ်းပါးပြိုရာမှ သေနတ်ဟောင်းများ တွေ့ရှိ
DVB
·
November 27, 2016
စစ်ကိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် စစ်သောင်ကျေးရွာအုပ်စု ငါးရွေးချောင်းကျေးရွာအနီးမှာ နိုဝင်ဘာလ ၂၆ ရက် ညနေက ချောင်းကမ်းပါးပြိုရာမှ လက်နက်ဟောင်းများ တွေ့ရှိခဲ့ပါတယ်။
အဆိုပါချောင်းမှာ ကျောက်ခုံချောင်းဖြစ်ပြီး ကမ်းပါးပြိုရာမှ မြေစာတွေကြားထဲက သေနတ်ဟောင်း ၃၇ လက်ကို တွေ့ရှိခဲ့တာပါ။
တွေ့ရှိခဲ့တဲ့ သေနတ်များမှာ ကာဘိုင်အမျိုးစား သေနတ် ၅ လက်နှင့် ရိုင်ဖယ်အမျိုးစား သေနတ် ၃၅ လက်တို့ကို တွေ့ရခြင်းဖြစ်ပြီး သေနတ်အများစုမှာ သံချေးတွေလည်း တက်နေပါတယ်။
အဆိုသေနတ်များသည် ကမ္ဘာစစ်အတွင်းက စစ်ကျန်သေနတ်များဟု ယူဆရပြီး သက်ဆိုင်ရာ ဖောင်းပြင်ရဲစခန်းမှ ခမရ ၃၆၈ တွင် အပ်နှံလိုက်တယ်လို့လည်း သိရပါတယ်။
သတင်း - ရန်နိုင်စိုး