အဝလွန်နေတဲ့ ၂၃ စတုံးအလေးချိန်ရှိတဲ့ ကလေးငယ်တစ်ဦးကို ကိုယ်အလေးချိန်ကျဖို့ မီးရှို့ကုသတဲ့ ထူးဆန်းကုထုံးနဲ့ ကုသခဲ့ကြောင်း သိရပါတယ်။
အသက် ၃ နှစ်အရွယ်မှာ ဖြစ်ခဲလှတဲ့ အဝလွန်ရောဂါကို ခံစားခဲ့ရပြီး အလေးချိန်တွေ တက်လာပြီးနောက် အသက် ၁၁ နှစ်အရွယ် လီဟန်ကို တရုတ်ရိုးရာဆေးပညာကုထုံးနဲ့ ကုသနေတာပါ။
ဒီရိုးရာကုထုံးထဲမှာ မီးအပူပေးထားတဲ့ ခွက်တွေနဲ့ ခန္ဓာကိုယ်ကို ကပ်တာ၊ မီးကုထုံးနဲ့ အပ်စိုက်တဲ့ ကုထုံးတွေပါတာပါ။
ဓာတ်ပုံတွေထဲမှာ ဒီအဝလွန်ကလေးရဲ့ ဗိုက်ပေါ်ကို ဆရာဝန်က မီးရှို့ထားတဲ့ အဝတ်ကိုတင်ပြီး ကုသပေးနေလို့ ကလေးက ထိတ်လန့်တကြား အော်နေတာကို မြင်ရမှာပါ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်ခရိုင် ချန်ချွန်းမြို့က ချန်ချွန်းကန်ဒါဆေးရုံထဲမှာ ကလေးကို ဆေးကုသမှု ပေးနေတာပါ။
ချန်ချွန်းကန်ဒါဆေးရုံဟာ ခန္ဓာကိုယ် အဆီချကုသမှုတွေကို အထူးကုသပေးနေတဲ့ ဆေးရုံတခု ဖြစ်ပြီး အဝလွန်နေတဲ့ သူတို့ရဲ့ လူနာတွေကို မီးခွက်ကပ်ခြင်း၊ မီးကုထုံးနဲ့ အပ်စိုက်ကုသခြင်းတွေ အပါအဝင် တရုတ်ရိုးရာကုထုံးအမျိုးမျိုးနဲ့ ကုသပေးနေတာပါ အဝလွန်လူနာ ၅၃ ဦးမှာ ၇ ဦးဟာ ကလေးတွေဖြစ်တယ်လို့လည်း သိရပါတယ်။
ကုသမှုခံယူနေတဲ့ လီဟာ ဖြစ်ခဲလှတဲ့ အစားစားခြင်းကို အလွန်အကျွံစိတ်ဝင်စားတာ သင်ယူဖို့ခက်ခဲတာနဲ့ ပုံမှန်မဟုတ်ပဲ ကြီးပြင်းလာတာတွေအပါအဝင် ဖြစ်ခဲလှတဲ့ Prader-Willi ရောဂါကို ခံစားနေရတာပါ။
၂၀၂၅ လောက်မှာ တရုတ်နိုင်ငံဟာ အသက် ၅ နှစ်မှ ၁၈ နှစ်အထိ ကလေးတွေ အဝလွန်ရောဂါ ခံစားရသူဦးရေ အများဆုံးဖြစ်မယ်လို့လည်း သိရပါတယ်။
အဝလွန်ကလေးဦးရေဟာ ၄၈.၅ သန်းအထိ ဖြစ်လာမယ်လို့ ကမ္ဘာ့အဝလွန်ရောဂါအဖွဲ့ရဲ့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ သတင်းအရ သိရပါတယ်။