ရုရှတွင် အကြမ်းဖက်သမား တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း စစ်သွေးကြွ ၂ ဦးသေဆုံး

ရုရှနိုင်ငံမြောက်ပိုင်း ကော့ကေးဆပ် ဒေသမှာ အကြမ်းဖက်သမား တိုက်ဖျက်မှု စစ်ဆင်ရေး အတွင်း စစ်သွေးကြွ ၂ ဦးနဲ့ ရုရှ အထူးတပ်က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်လို့ ရုရှ အမျိုးသား အကြမ်းဖက်သမား တိုက်ဖျက်ရေး ကော်မတီက ကြာသပ တေးနေ့က ပြောပါတယ်။ စစ်သွေးကြွတွေကို လက်နက်ချ အညံ့ခံဖို့ ကမ်းလှမ်းခဲ့တယ်။ သူတို့က ငြင်းဆန်ပြီး စပစ်ခတ်ခဲ့တာလို့ ကော်မတီ ပြောခွင့်ရ အလက်ဇန်းဒါး ပိုလီယာကို့ဗ် က ပြောပါတယ်။ သူတို့ဟာ ကော့ကေးဆပ် မြောက်ပိုင်းမှာ အကြမ်းဖက် ရာဇဝတ်မှုတွေ လုပ်ခဲ့တဲ့ ဂိုဏ်း တဂိုဏ်းက အဖွဲ့ဝင်တွေလို့လည်း ပြောပါတယ်။ သူတို့ပုန်းအောင်းနေတဲ့ အိမ်ခြံဝင်းအတွင်းကနေ လက်နက်တွေ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေကို ရှာတွေ့ခဲ့ပါတယ်. ရုရှအစိုးရဟာ ကော့ကေးဆပ် မြောက်ပိုင်း ချေချင်းညာ သမ္မတ နိုင်ငံအတွင်း ခွဲထွက်ရေးသမားတွေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ စစ်ပွဲ ၂ ပွဲ တိုက်ခဲ့ဖူးပါတယ်။ အခုတော့ ရုရှတောင်ပိုင်းက မွတ်စလင် ခရိုင်တွေ အဓိကပါတဲ့ ကော့ကေးဆပ် မြောက်ပိုင်းမှာ မွတ်စလင် ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ် နိုင်ငံ ထူထောင်တယ်လို့ တကိုယ်တော် ကြေညာထားတဲ့ စစ်သွေးကြွတွက ပုန်ကန်တာကို ရင်ဆိုင် နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up