နည်းပြကောင်းတဦးဖြစ်ချင်တဲ့ အိပ်မက်ရှိကြောင်း လီဗာပူးကစားသမားဟောင်း ဂျရတ်ပြော

နည်းပြကောင်းတဦးဖြစ်ချင်တဲ့ အိပ်မက်ရှိတယ်လို့ ကစားသမားဘ၀အနားယူခဲ့ပြီဖြစ်တဲ့ လီဗာပူးကစာသမားဟောင်း စတီဗင်ဂျရတ်ကပြောပါတယ်။ အသက် ၃၆ နှစ်ရှိ ဂျရတ်မှာ အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂ လက်ဇီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပေမယ့် အသင်းကစာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေ တဲ့အပြင် ဆဲလ်တစ်နဲ့ တရုတ်ကလပ်တွေက ကမ်းလှမ်းခဲ့ပေမယ့် နည်းပြဘ၀ပြောင်းလဲချင်တဲ့ ဆန္ဒကြောင့် ကမ်းလှမ်းမှုတွေကိုငြင်းပယ်ပြီး အနားယူခဲ့တာပါ။ ချန်ပီယံရှစ်ကလပ် MK ဒွန်းအသင်းက ဂျရတ်ကို နည်းပြချုပ်အဖြစ် ကမ်းလှမ်းခဲ့ပေမယ့် နည်းပြအဖြစ်ကိုင်တွယ်ဖို့ အချိန်စောသေးတယ်လို့ ယူဆတဲ့အတွက် ပယ်ချခဲ့တာဖြစ်တယ်လို့ လည်းဂျရတ်ကပြောပါတယ်။ လက်ရှိအချိန် အင်္ဂလန်ကစာသမားဟောင်း ဂျရတ်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ် အေလိုင်စင်ရဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လီဗာပူးကစာသမားဟောင်း ဂျရတ်ဟာ အင်္ဂလန်အသင်းအတွက် စတုတ္ထပွဲအများဆုံး ကစားသမားအဖြစ် ၁၁၄ ပွဲအထိကစားခဲ့ပြီး လီဗာပူးအသင်းမှာလည်း ပွဲ ၇၁၀ မှာ ၁၈၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ကစာသမားသမားဦးဖြစ်ပါတယ်။

More News
Up