မောင်တောတွင် စိတ်ကြွဆေးပြား ၆၅၀၀၀ ခန့် သိမ်းဆည်းရမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း WY စာတန်းပါ စိတ်ကြွဆေးပြား ၆၅၀၀၀ ခန့် ကာလတန်ဖိုး သိန်း ၁၃၀၀ ကျပ်ခန့်အား သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာ ၂၅ ရက်မှာ သတင်းထုတ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ မောင်တောမြို့ ကညင်ချောင်းဝမှ တပ်ချောင်းဘက်သို့ တိုက်ကင်းလှည့်နေတုန်း မသင်္ကာဖွယ်ရာလှေ ၁ စီးနှင့် လူ ၃ ဦးခန့်အား တွေ့ရှိခဲ့လို့ မီးအချက်ပြခေါ်ယူခဲ့ပေမယ့် လာရောက်ခြင်း မရှိတဲ့အတွက် လက်နက်ငယ် ၅ ချက်ခန့် ခြောက်လှန့်ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးခဲ့ရာ ဓနိတောအတွင်းသို့ ထွက်ပြေးသွားခဲ့တယ်။ အလျား ပေ ၂၀၊ အနံ ၃ ပေရှိတဲ့ လက်ခတ်လောင်းလှေ ၁ စီး အား ကမ်းစပ်မှာ သိမ်းဆည်းရမိပြီး လှေပေါ်မှာ တိတ်အဝါနဲ့ ပတ်ထားတဲ့ အထုတ် ၇ ထုတ်အတွင်းကနေ  WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၆၅၀၀၀ ခန့် သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up