Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ နဂါးရွှံ့မီးတောင်ပေါက်ကွဲ
DVB
·
November 25, 2016
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ စိုင်ခြုံ ကျေးရွာအုပ်စု စိုင်ခြုံမြောက်ရွာ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ပန်းရှည် နဂါးရွှံ့မီးတောင်  နိုဝင်ဘာ ၂၄ ရက် နံနက် ၃ နာရီ မိနစ် ၄ဝ က ပေါက်ကွဲမှုဖြစ်ပွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။ မီးတောင်ကနေ ရွှံ့ရည်တွေ ၁ဝ မိနစ်ခန့် မှုတ်ထုတ်ခဲ့လို့ ယင်းတောင်ရဲ့ ဝန်းကျင် ပေ ၄ဝ-၅ဝ ခန့် ပျံ့နှံ့ခဲ့ပြီး  ရွှံ့ရည်ထုမှာ လေးပေ ငါးပေလောက် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ရွှံ့မီးတောင် ပေါက်ကွဲမှုကြောင့် လူနဲ့  တိရစ္ဆာန်၊ စိုက်ခင်းတွေ ပျက်စီးထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024