Home
မြန်မာသတင်း
ကားတိုက်ခံရပြီး ဆေးရုံကဆင်းပြေးသည့် မြန်မာအမျိုးသမီးကို လျော်ကြေးပေးလိုသည့် ကားပိုင်ရှင် ရှာဖွေ
DVB
·
November 24, 2016
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆုခိုဝစ်နယ်မြေ အာဆုံလမ်းဆုံမှာ မနေ့က ကားတိုက်ခံရပြီး ဆေးရုံက ဆင်းပြေးသွားတဲ့ မြန်မာအမျိုးသမီးကို ဆေးဖိုးဝါးခ တာဝန်ယူလိုတဲ့အတွက် ပြန်ဆက်သွယ်ဖို့ တိုက်ခဲ့တဲ့ ကားပိုင်ရှင်က ပြောပါတယ်။ Top (ท๊อป ผช. ลั้นลา) အမည်ရှိ ထိုင်းလူငယ်တစ်ဦးဟာ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မီးပွိုင့်မှာ မီးစိမ်းပြတဲ့အတွက် ဆက်ေမာင်းဖို့ ပြင်နေတုန်း အမျိုးသမီးတဦးက မျဉ်းကြားကို ဖြတ်ေ လျှာက်လာတဲ့အတွက် သူ့ကားနဲ့ တိုက်မိခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။ “မီးစိမ်းပြတော့ ကျနော်က ရှေ့ဆက်မောင်းမလို့လုပ်နေတုန်း အဲဒီအမျိုးသမီးက သူ့ဘက်က မီးနီတာကိုမကြည့်ဘဲ မျဉ်းကြားကူးလာတယ်။ ကျနော်က လမ်းရဲ့ အလယ်ကြောမှာ၊ အဲဒါ တိုက်မိတော့ သူလဲကျသွားတယ်။ ကျနော်လည်း ကားပေါ်ကဆင်းပြီး သူ့ကို ဆေးရုံခေါ်သွားမလို့ လုပ်တော့ သူကခေါင်းခါပြတယ်။ ထိုင်းလိုပြောတာ မပီဘူး။ သူနဲ့ ဘာမှပြောလို့လည်း မရဘူး။ သူ့ဒဏ်ရာက ခေါင်းမှာ အဖုကြီးထွက်လာပြီး ပွန်းပဲ့ရာနည်းနည်းရပါတယ်။ အဲဒီခါမှာ ရဲရောက် လာတော့ ကျနော်က ရဲကိုအကျိုးအကြောင်းပြောပြနေတုန်း လူနာတင်ကားရောက်လာပြီး သူ့ကိုခေါ် သွားတယ်။ ကျနော်ကတော့ ထောင်းလော်မြို့မရဲစခန်းမှာ လိုက်သွားရတာပေါ့။ ကျနော့ဘက်က မမှားဘူး၊ ဒါပေမယ့် ကျနော့ ကားရဲ့ (ဖောရောဘော) ယာဉ်မတော်တဆ အာမခံကြေးနဲ့ သူ့ကို ကုသစရိတ်လုပ်ပေးမလို့ ချူလာလောင်ကွန် ဆေးရုံလိုက်သွားတော့ သူက ထွက်သွားပြီတဲ့၊ ကျေန်ာထင်တာ သူက ဘာအထောက်အထားမှမရှိလို့ ရဲက သူ့ကို စစ်မှာ ကြောက်လို့ ထွက်ပြေးသွားတယ်လို့ ထင်ပါတယ်။ ပြီးတော့ အဲဒီအာဆုံလမ်းနားမှာ မြန်မာ အလုပ်သမားတွေ အများကြီးနေတော့ ကျနော်တော့ သူ့ကို မြန်မာလို့ဘဲထင်တယ်ဗျ၊ အသက်က ၂၀ နဲ့ ၃၀ ကြားမှာရှိမယ် ထင်တယ်။” သူ့ကားကြောင့် အဆိုပါအမျိုးသမီး ဒဏ်ရာရသွားတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရေ ကြာင်း၊ ဖြစ်နိုင်ရင် ဆေးဖိုးဝါးခ တာဝန်ယူလိုတဲ့အတွက် သူ့ကို ပြန်ပြီးဆက်သွယ်ဖို့ You Like ယူလိုက်ဖေ့စ်ဘုတ်စာမျက်နှာပေါ်ကတဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024