ခရစ္စမတ်ရာသီ ဂျာမနီနှင့် ပြင်သစ်ရှိ ဈေးများတွင် လုံခြုံရေးတင်းကျပ်

French soldiers patrol in Strasbourg's christmas market, eastern France, on November 21, 2016 in Strasbourg.
Police have broken up a terror ring plotting an attack in France after arresting seven suspects in Strasbourg and Marseille, as the traditionnal Christmas market of the city will open November 25. / AFP PHOTO / PATRICK HERTZOGPATRICK HERTZOG/AFP/Getty Images
687
ခရစ္စမတ်ရာသီမှာ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေက ဈေးတွေကို လုံခြုံရေး တင်းကျပ်ထားတာ နိုဝင်ဘာ ၂၂ ရက်က မြင်ရပါတယ်။
အမေရိကန်အစိုးရကလည်း ခရစ္စမတ်အားလပ်ရက် ရာသီအတွင်း ဥရောပတလွှား အကြမ်းဖက်တိုက်ခိုက်မယ့်ဘေးတွေ မြင့်နေတယ်လို့ အမေရိကန်နိုင်ငံသားတွေကို တပ်လှန့်ထားပြီး ခရီးသွားသတိပေးချက် ထုတ်ပြန်ထားပါတယ်။
ပွဲတော်တွေ ပွဲစဉ်တွေနဲ့ လေဟာပြင်ဈေးတွေမှာ အမေရိကန်နိုင်ငံသားတွေ သတိထားသင့်တယ်လို့ အမေရိကန်အစိုးရက နိုဝင်ဘာ ၂၁ ရက်မှာထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။
အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေ၊ အယ်လ်ကိုင်းဒါးတွေနဲ့ သူတို့ရဲ့သစ္စာခံတွေက ဥရောပမှာတိုက်ခိုက်ဖို့ ဆက်ပြီးစီမံနေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ ရထားတယ်လို့လည်း ကြေညာချက်က ပြောပါတယ်။
ဝတ်စုံနက်ဝတ်ထားတဲ့ ဘာလင်မြို့တော်က လုံခြုံရေးအစောင့်တွေက သမိုင်းဝင်ရင်ပြင်ကို ချဉ်းကပ်လာတဲ့ ပြည်သူတွေရဲ့ အိတ်တွေကို စစ်ဆေးပါတယ်။
နယူးယောက်မြို့ကလာတဲ့ ပါမောက္ခတယောက်ကတော့ တခုခုဖြစ်နိုင်ချေက သိပ်ကိုနည်းတယ်လို့ မှတ်ချက်ပေးပါတယ်။ ခရစ္စမတ်ဈေးထဲမှာ အသတ်ခံရနိုင်ခြေထက် ကားထဲ ထိုင်မောင်းနေတာက ပိုပြီး အန္တရာယ်များတယ်လို့ ယုံကြောင်းလည်း သူက ပြောပါတယ်။
မြူးနစ်မြို့က ဧည့်သည်တယောက်ကလည်း အိမ်က လှေကားပေါ်ကနေ ပြုတ်ကျလည်း သေနိုင်တာပဲမို့ မကြောက်ဘူးလို့ ဆိုပါတယ်။
အရင်နှစ်တွေကထက် ဒီနှစ်မှာ ခရစ္စမတ်ကာလ တာဝန်ချတဲ့ ရဲအရာရှိ အရေအတွက် ပိုများတယ်လို့ မြူးနစ်မြို့ ရဲပြောခွင့်ရက ပြည်သူကို ထပ်ပြီး သေချာအောင် ပြောပါတယ်။
ပြင်သစ်အရှေ့ပိုင်းက စထရာ့စ်ဘော့ဂ်မြို့မှာ စစ်သားတွေက ကျည်ကာဝတ်စုံတွေဝတ်ပြီး ခရစ္စမတ် ဈေးခင်းထဲမှာ ကင်းလှည့်နေပါတယ်။
မနှစ်က နိုဝင်ဘာမှာ သေနတ်သမားတွေနဲ့ အသေခံ ဗုံးခွဲသမားတွေ ညှိထားတဲ့အဖွဲ့က ပါရီမြို့တလွှား တိုက်ခိုက်ခဲ့လို့ လူ ၁၂၉ ဦး သေဆုံးခဲ့ပါတယ်။