မြန်မာ ယူ-၂၃ ဘောလုံးအသင်း ဖိလစ်ပိုင်ကို ၅-၀ ဂိုးဖြင့်နိုင်

ဖိလစ်ပိုင်နှင့်ြမန်မာပွဲအြပီး ြမန်မာအသင်းသားများ အောငျပှဲခံနေစဥျ
5.7K
၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ ဘောလုံးအသင်းဟာ စတုတ္ထမြောက် ပွဲစဉ်အဖြစ် မနေ့ ညနေပိုင်းက ဖိလစ်ပိုင်အသင်းနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ အနိုင်ရရှိခဲ့တဲ့ မြန်မာအသင်းအနေနဲ့ ၎ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁၀ မှတ်ရရှိကာ ပွဲစဉ်မကုန်ခင် ဆီမီးဖိုင်နယ် တက်ရောက်ခွင့် ရသွားပြီ ဖြစ်ပါတယ်။
ဒုတိယပွဲစဉ်မှာ လာအိုအသင်းက တီမောအသင်းကို ၃-၀ ဂိုးနဲ့အနိုင်ကစားသွားလို့ မြန်မာအသင်းအတွက် အခြေအနေ ကောင်းသွားတာပါ။
တီမောအသင်းဟာ ၆ မှတ်ပဲ ရရှိသေးလို့ နောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းကို အနိုင်ရရင်လည်း ရမှတ်အနေအထားရ ဆီမီးဖိုင်နယ် တက်ဖို့ မဖြစ်နိုင်တော့ပါဘူး။
မြန်မာအသင်းမှာ ဂိုးသမား သီဟစည်သူ ဆက်လက်ပွဲထွက်ခဲ့ပြီး ခံစစ်ပိုင်းမှာတော့ ဥာဏလွင်၊ ဇော်မင်းထွန်း၊ မိုးဝင်း၊ ရန်အောင်ဝင်းတို့ ကစာခဲ့ကြတယ်။
မြန်မာအသင်းနည်းပြ ဟန်ဆန်က ကွင်းလယ်မှာ ကျော်ဇေယျာဝင်းနဲ့ အေးဆန်းအတွဲကို ပွဲထုတ်ခဲ့ပြီး တောင်ပံကစားသမားတွေအဖြစ် ပြည်ဖြိုးဦးနဲ့ အောင်မြင့်အေးတို့ ကစားခဲ့ကြပါတယ်။ မြန်မာအသင်းရဲ့ တိုက်စစ်ပိုင်းမှာတော့ အရင်ပွဲစဉ်တွေက အတိုင်း မင်းမင်းသူနဲ့ ကျော်ကိုကိုတို့ ပွဲထွက်ခဲ့ကြပါတယ်။
ဖိလစ်ပိုင်အသင်းမှာလည်း မူလာ၊ ဒီဂျောင်၊ မန်နီအော့ စတဲ့ အဓိက ကစားသမားတွေ လူစုံပါဝင်ခဲ့ကြပေမယ့် ဖိလစ်ပိုင်အသင်းဟာ ဒီနေ့ ပွဲမှာပုံမှန်ခြေစွမ်းမျိုး မရခဲ့ဘဲ နောက်တန်းကလည်း အမှားများခဲ့လို့ မြန်မာအသင်းကို ဂိုးပြတ်ရှုံးနိမ့်သွားတာပါ။
မြန်မာအသင်းအနေနဲ့ ပထမပိုင်းပွဲအစမှာ ဖိလစ်ပိုင်အသင်းဘက်ကို ဖိကစားခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာ အဖွင့်ဂိုးအဖြစ် ကျော်ဇေယျာဝင်း ကန်တင်တဲ့ ထောင့်ကန်ဘောကို ဖိလစ်ပိုင်ဂိုးသမား မူလာ ကာကွယ်ရာမှာ မမိဘဲ လက်က လွတ်ကျခဲ့တာကြောင့် အေးဆန်းက အနီးကပ် သွင်းယူသွားတာပါ။
ဂိုးပေးလိုက်ရတဲ့နောက်ပိုင်း ဖိလစ်ပိုင်အသင်းက ကစားကွက် အချိတ်အဆက် ပြန်မိလာပြီး မြန်မာအသင်းဘက်ကို ပြန်လည် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဂိုးကန်သွင်းခွင့်အချို့ ဖိလစ်ပိုင်အသင်း ရရှိခဲ့ပေမယ့် ရှေ့တန်းကစားသမားတွေ အဆုံးသတ်ပိုင်း အားနည်းခဲ့လို့ ချေပဂိုး ပြန်မရခဲ့တာပါ။
မြန်မာအသင်းအနေနဲ့ ပွဲချိန် ၃၈ မိနစ်မှာ နောက်တန်း ဘယ်အစွန်လူ ဥာဏလွင်အစား ရွှေလှိုင်ဝင်းကို ထည့်သွင်းပြီး ခံစစ်ပိုင်း အားဖြည့်ခဲ့ရပါတယ်။ ပွဲချိန် ၄၀ မိနစ်မှာတော့ တန်ပြန်တိုက်စစ် ကနေ မြန်မာအသင်းအတွက် ဒုတတိယဂိုးကို ကျော်ဇေယျာဝင်းက သွင်းယူနိုင်ခဲ့တယ်။ ပထမပိုင်းပြီးခါနီးမှာ မြန်မာအသင်း နောက်ခံလူ မိုးဝင်း ဒဏ်ရာရသွားလို့ ဆက်မကစားနိုင်တော့ဘဲ ဒုတိယပိုင်း ပြန်အစမှာ ဇော်ဇော်ဦး ၀င်ရောက် ကစားပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ၂ မိနစ်အကြာမှာ ဖိလစ်ပိုင်အသင်း နောက်ခံလူ နှစ်ယောက်ကြားကနေ ကျော်ကိုကို ထိုးဖောက်ဆွဲယူသွားပြီး အပိုင်ကန်သွင်းနိုင်ခဲ့လို့ မြန်မာအသင်း တတိယဂိုး ရရှိခဲ့ပါတယ်။
ဖိလစ်ပိုင်အသင်းကတော့ တတိယဂိုး ပေးလိုက်ရပြီးနောက်ပိုင်းမှာ ကစားအား သိသိသာသာ ကျသွားပြီး မြန်မာအသင်းရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိ သွားခဲ့ပါတယ်။
ပွဲချိန် ၅၄ မိနစ်မှာ ကျော်ကိုကိုကပဲ ဖိလစ်ပိုင်နောက်ခံလူ ၂ ယောက်ကို ကျော်ဖြတ်ကာ မြန်မာအသင်းအတွက် လေးဂိုးမြောက်ကို သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၇၈ မိနစ်မှာ ကျော်ကိုကို ကို အနားပေးပြီး မင်းမင်းထွန်းနဲ့ လူစားလဲလှယ်ခဲ့ပါတယ်။ ပွဲချိန် ၇၈ မိနစ် အရောက်မှာ ဖိလစ်ပိုင် အသင်းခေါင်းဆောင် မန်နူရယ်အော့ ၂ ၀ါ၊ ၁ နီနဲ့ အထုတ်ခံရပါတယ်။
မြန်မာအသင်းအတွက် ပဉ္စမမြောက်ဂိုးကို မိနစ် ၉၀ မှာ မင်းမင်းသူရဲ့ ပေးပို့မှုကနေ ရန်အောင်ဝင်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ တီမောအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

- ပွဲအပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ်
ဖိလစ်ပိုင်အသင်းမှာလည်း မူလာ၊ ဒီဂျောင်၊ မန်နီအော့ စတဲ့ အဓိက ကစားသမားတွေ လူစုံပါဝင်ခဲ့ကြပေမယ့် ဖိလစ်ပိုင်အသင်းဟာ ဒီနေ့ ပွဲမှာပုံမှန်ခြေစွမ်းမျိုး မရခဲ့ဘဲ နောက်တန်းကလည်း အမှားများခဲ့လို့ မြန်မာအသင်းကို ဂိုးပြတ်ရှုံးနိမ့်သွားတာပါ။
မြန်မာအသင်းအနေနဲ့ ပထမပိုင်းပွဲအစမှာ ဖိလစ်ပိုင်အသင်းဘက်ကို ဖိကစားခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာ အဖွင့်ဂိုးအဖြစ် ကျော်ဇေယျာဝင်း ကန်တင်တဲ့ ထောင့်ကန်ဘောကို ဖိလစ်ပိုင်ဂိုးသမား မူလာ ကာကွယ်ရာမှာ မမိဘဲ လက်က လွတ်ကျခဲ့တာကြောင့် အေးဆန်းက အနီးကပ် သွင်းယူသွားတာပါ။
ဂိုးပေးလိုက်ရတဲ့နောက်ပိုင်း ဖိလစ်ပိုင်အသင်းက ကစားကွက် အချိတ်အဆက် ပြန်မိလာပြီး မြန်မာအသင်းဘက်ကို ပြန်လည် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဂိုးကန်သွင်းခွင့်အချို့ ဖိလစ်ပိုင်အသင်း ရရှိခဲ့ပေမယ့် ရှေ့တန်းကစားသမားတွေ အဆုံးသတ်ပိုင်း အားနည်းခဲ့လို့ ချေပဂိုး ပြန်မရခဲ့တာပါ။

- မြန်မာပရိသတ်များ အောင်ပွဲခံနေစဉ်

- ကျော်ကိုကို ဖိလစ်ပိုင်အသင်းဘက် ဂိုးသွင်းယူနေစဉ်