လှိုင်သာယာ စက်မှုဇုန် ၂ ရှိ စက်သုံးဆီဂိုထောင် မီးလောင် (ဓာတ်ပုံ)
DVB
·
November 23, 2016
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂၊ ဆိပ်ကမ်းသာလမ်းက စက်သုံးဆီဂိုထောင်မှာ မနေ့ည ၁၁ နာရီခွဲကျော်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒီမီးလောင်ရာနေရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်တွေ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညသန်းခေါင် ၁၂ နာရီ မိနစ် ၂၀ မှာ မီးငြိမ်းသွားခဲ့ပါတယ်။
Level 5 အဆင့်သတ်မှတ်ထားတဲ့ ဒီမီးလောင်မှုဟာ ဘယ်ကစတင်လောင်ကျွမ်းတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
မီးလောင်ရာနေရာကိုတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာရောက်ကြည်ရှုခဲ့ကြောင်း သိရပါတယ်။
ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့