Home
မြန်မာသတင်း
တွဲကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ကလေးငယ် ၁ ဦး သေဆုံး
DVB
·
November 21, 2016
ရန်ကုန်-မန္တလေးလမ်းပေါ် တွဲကားမှ သားအဖ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်ကို တိုက်မိတဲ့အတွက် ၁ ဦး ဒဏ်ရာရပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာလ ၂၀ ရက် ည ၈ နာရီလောက်က မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ မြောက်ဘက် အထွက်ရန်ကုန်မန္တလေးလမ်း မိုင်တိုင်အမှတ် ၃၆၀/၁ နဲ့ ၃၆၀/၂ အကြား ပက်ထရိုစတား စက်သုံးဆီဆိုင်အနီးမှာ ရန်ကုန်ဘက်ကို ဦးတည်ကာ ယာဉ်မောင်း ကိုမောင်နိုင် မောင်းနှင် လာတဲ့ တွဲကားမှ မန္တလေးဘက်ဦးတည်ပြီး ကိုအောင်ဇော်ဌေး တို့ သားအဖ ၂ ယောက် စီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင်တိုက်မိကာ အသက် ၄ နှစ်အရွယ် သမီးဖြစ်သူ မေဇင်ထွန်းမှာ အခင်းဖြစ်နေရာ သေဆုံးခဲ့ပါတယ်။ ''တွဲကားက ကားကျော်တက်လိုက်တာဆိုတော့ အရှိန်မြှင့်ပြီး ကျော်တက်လိုက်တာ တဖက် ယာဉ်ကြောမှာ ဆိုင်ကယ်ကိုမြင်လိုက်တော့ ဘရိတ်အုပ်လိုက်ပေမယ့် နောက်တွဲပါတယ်။ နောက်တွဲက တွန်းတာပေါ့ ကားဘီးတွေ မလည်ပေမယ့် တရွတ်ဆွဲနဲ့ တိုက်မိသွားတာ လေးနှစ်သမီးလေးက အဖေရဲ့ရှေ့က စီးလာတာ သားဖြစ်သူက နောက်ကစီးလာတာပေါ့” လို့ ပက်ထရိုစတားမှာ ဆိုင်ကယ်ဆီလာထည့်တဲ့ မျက်မြင်တဦးက ပြောပါတယ်။ ဒုရဲအုပ်ကြည်မင်းနိုင်က ''ကိုအောင်ဇော်ဌေးနဲ့သားဖြစ်သူ ချစ်မင်းဖြိုး (၁၀နှစ်)တို့ ဒဏ်ရာရတာ များလို့ ၀မ်းတွင်းဆေးရုံကနေ မိထ္တီလာဆေးရုံကို ပြောင်းပြီး ဆေးကုနေရတယ်။ မေဇင်ထွန်းက တော့ ဦးခေါင်း သွေးထွက်ဒဏ်ရာနဲ့ ဝမ်းဗိုက်ပေါက်ပြီး နေရာမှာ သေဆုံးတယ်။ သာစည်မြို့နယ် ညောင်ရမ်းရွာကို အလည်သွားပြီး ချမ်းမြသာစည်မြို့နယ် မီးရထားဝန်းမန္တလေးကို ပြန်လာတာ ပေါ့။ ကလေးတွေ ကြည့်ပြီး စိတ်မကောင်းဖူးဗျာ''လို့ ပြောပါတယ်။ ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ တွဲကားယာဉ်မောင်း ကိုမောင်နိုင်ကို တခြားသူကို ပြင်းထန် ဒဏ်ရာရရှိစေသောပြစ်မှု ပုဒ်မ ၃၃၈ နဲ့ တခြားသူကို သေဆုံးစေသောပြစ်မှု ပုဒ်မ ၃၀၄(က)တို့နဲ့ ၀မ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်ကြည်မင်းနိုင်မှ ဖမ်းဆီးစစ်ဆေး ဆောင်ရွက်နေပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024