Home
မြန်မာသတင်း
အနည်းဆုံး လုပ်အားခ ကျပ် ၅၆၀၀ တိုးပေးရေး အလုပ်သမား ထောင်ချီ ဆန္ဒထုတ်ဖော်
အာကာ
·
November 20, 2016
အနည်းဆုံးအခကြေးငွေ ကျပ် ၅၆၀၀ တိုးမြှင့်ပေးရေးတောင်းဆိုချက်အပါအဝင် ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ပွဲ ပြန်လည်ကျင်းပပေးဖို့ အလုပ် သမား ၂၀၀၀ လောက် နိုဝင်ဘာ ၂၀ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ လှိုင်သာယာမြို့နယ် ပန်းပဲဝန်ဦးရွှေဘင် လမ်းကနေ လှိုင်သာယာမြို့နယ် အားကစားကွင်းထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်တာကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ရက်နဲ့ တခြားအလုပ်သမားအဖွဲ့အစည်းတွေ ပူးပေါင်းပြီး တရားဝင်ခွင့်ပြုချက်နဲ့ ပြုလုပ်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်က ကိုအောင်စိုးမင်းက “အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ပွဲတွေကို ပြန်လုပ်ပေးဖို့၊ အနည်းဆုံးလုပ်ခလစာကို ကျပ် ၅၆၀၀ ကို တိုးမြှင့်ပေးဖို့ ဒါတွေကို အဓိက တောင်းဆိုထားပါတယ်။ အခုတောင်းဆိုချက်တွေကိုလည်း ပြည်ထောင်စုအစိုးရ၊ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရတွေ ဆီကို ဆက်လက်တင်ပြသွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ အလုပ်သမားတွေရဲ့တောင်းဆိုချက်ထဲမှာ အလုပ်သမားဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိဝန်ထမ်းတွေကို အရေးယူပေးဖို့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ကို အလုပ်သမားအဖွဲ့အစည်းဥပဒေနဲ့ ညီမညီစီစစ်ပေးဖို့ တွေလည်း ပါဝင်ပါတယ်။ သတင်း/ဓာတ်ပုံ-အာကာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024