မဟာအောင်မြေမြို့နယ်တွင် မီးလောင်
DVB
·
November 20, 2016
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အကွက် ၃၅၂ သူရဲကျော်ရပ်ကွက်က နေအိမ်တလုံးမှာ ဒီနေ့ မနက် ၇ နာရီ ၂၀ မိနစ်က မီးလောင်ကျွမ်းခဲ့ပါတယ်။
မန္တလေးမြို့ မီးသတ်ကားစီး ၂၀ ကျော် လာရောက်ငြှိမ်းသတ်ခဲ့ပြီး ၇ နာရီ ၄၅ မိနစ်မှာ ငြှိမ်းသတ်ခဲ့ပါတယ်။
အိမ်နှစ်လုံးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ဆယ့်သုံးသိန်းငါးသောင်း ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-အောင်အောင်