Home
မြန်မာသတင်း
တက်ကြွလှုပ်ရှားသူ ကိုရာပြည့် ဒီကနေ့မနက် လွတ်မြောက်လာ
နော်နိုရင်း
·
November 18, 2016
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ မနေ့ကမှ ထောင်ဒဏ် ၆ လ ချမှတ်ခံထားရတဲ့ တက်ကြွလှုပ်ရှားသူ ကိုရာပြည့် (ခ) ကိုမျိုးဝင်းသူ ဒီကနေ့မနက် အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။ ကိုရာပြည့်ဟာ ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရတဲ့အတွက် ပြစ်ဒဏ်စေ့လို့ ပြန်လည်လွတ်မြောက်လာတာလို့ ပြောပါတယ်။ “ထောင်မှာ ဥပဒေတခုရှိတာက လူတယောက်ကို အမိန့်ချမှတ်လိုက်ပြီဆိုရင် တလချင်းကို ရက် ၃၀ ယူတယ်ခင်ဗျာ။ ကျနော်က ၆ လ ဆိုတဲ့အမိန့် ချမှတ်လိုက်တဲ့အခါမှာ ကျနော့်ကို သူတို့ချုပ်ထားတာ အာလုံးပေါင်း ရက်ပေါင်း ၁၈၀ ရှိတယ်ခင်ဗျာ။ ကျနော် ဒီနေ့ ရက်ပေါင်း ၁၈၀ ပြည့်လို့ လွှတ်တာပါ ခင်ဗျာ။” ကိုရာပြည့်ဟာ ဆရာတော် ဦးဝီရသူနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေ တင်တယ်လို့ စွပ်စွဲခံရပြီး ရန်ကုန်တိုင်း မှော်ဘီရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးတရားစွဲခဲ့တာပါ။ သူ့ကို အကောင့်အတုနဲ့လုပ်ပြီး အခုလို တရားစွဲဆိုခဲ့တာဖြစ်ပြီး မတရားဘူးလို့ ခံစားရကြောင်း ကိုရာပြည့်က ပြောပါတယ်။ “ကျနော့်ကို ပူးပေါင်းကြံစည်ပြီးတော့ လုပ်သွားတဲ့အရာတခု၊ သူတို့ ကျနော့်အကောင့်အတုနဲ့ ကျနော့်ကိုလုပ်သွားတဲ့အရာတခုမှာ ကျနော့်ကို ၆၆(ဃ) နဲ့ အမိန့်ချမှတ်လိုက်တာ ကျနော့်အနေနဲ့ မတရားဘူးလို့ပဲ ထင်ပါတယ်။” ပုဒ်မ ၆၆(ဃ) ဟာ ရှိသင့်ပေမယ့် နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေထည့်ဖို့ လိုအပ်သလို အဲဒီလုပ်ထုံးလုပ်နည်းတွေထဲမှာ ပြည်သူတွေကို ကာကွယ်ပေးတဲ့ ဥပဒေနဲ့ ပြည်သူတွေအတွက် အကျိုးပြုတဲ့ အချက်အလက်တွေ ထည့်သွင်းဖို့ လိုအပ်တယ်လို့လည်း ပြန်လွတ်လာသူက ကိုရာပြည့်က ပြောပါတယ်။ ကိုရာပြည့်ဟာ အခုနှစ် မေလ ၂၂ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024