မောင်တောတွင် ဆရာ၊ ဆရာမအဆောင်တခု ထပ်မံမီးရှို့ခံရ
DVB
·
November 18, 2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း မြင်လွတ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းက ဆရာဆရာမတွေနေတဲ့ အဆောင်တခု နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက ထပ်မံ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။
အဆိုပါစာသင်ကျောင်းမှာ တာဝန်ကျတဲ့ ဆရာဆရာမတွေ နေထိုင်ဖို့ ရွာတရွာကို အဆောင်တခုစီနဲ့ သပြေတောရွာအတွက်တဆောင်၊ မြင်လွတ်အတွက်တဆောင်၊ ဂေါ်ရာခါလီတဆောင် ဆောက်ထားပေးတာ ဖြစ်ပါတယ်။
ခုမီးရှို့ခံလိုက်ရတဲ့အဆောင်က ဂေါ်ရာခါလီရွာမှာ တာဝန်ကျတဲ့ ဆရာဆရာမတွေနေဖို့ ဆောက်ထားတဲ့အဆောင်ဖြစ်တယ်လို့ အဲ့ဒီကျောင်းက ဒေသခံ ဆရာတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က မြင်လွတ်ရွာသစ်ရဲကင်း အဆောက်အအုံနဲ့ ဆရာဆရာမ အဆောင်နှစ်ခု မီးရှို့ခံခဲ့ရပါသေးတယ်။
ပထမအဆောင်နှစ်ဆောင် မီးရှို့ဖျက်ဆီးခံရပြီးနောက် ကျန်တဲ့အဆောင်တခု မနေ့က ထပ်ပြီး မီးရှို့ခံရတာ ဖြစ်ပါတယ်။