Home
မြန်မာသတင်း
ကလေးမြို့တွင် ဆေးထိုးအပ်တန်းလန်းဖြင့် အမျိုးသားအလောင်းတွေ့
DVB
·
November 17, 2016
စစ်ကိုင်းတိုင်း ကလေးမြို့ သဇင်ရပ်ကွက် ဇီဝသုခဘုန်းကျောင်းတံတားအနီးမှာ နိုဝင်ဘာ ၁၆ ရက်နေ့ည ၁၀ နာရီကျော်ခန့်က အမျိုးသားအလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့  ကလေးမြို့မ ရဲစခန်းက သိရပါတယ်။ တွေ့ခဲ့တဲ့ အမျိုးသားအလောင်းကို စစ်ဆေးရာမှာ သေဆုံးသူရဲ့ လက်ဝဲလက်ခုံမှာ ဆေးထိုးအပ်ထိုးစိုက်လျှက်ရှိပြီး ပါးစပ်မှကနေ အမြှုပ်တွေထွက်နေတာကို တွေ့ရတယ်လို့ ကလေးမြို့မရဲစခန်း တာဝန်ရှိ ရဲအရာရှိတဦးက ပြောပါတယ်။ သေဆုံးသူဟာ ကလေးမြို့ အောင်မြေမာန် နယ်မြေ ၄ နေ ကိုဝေလင်းအောင်ဆိုသူဖြစ်ပြီး ယာဉ်မောင်းအလုပ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သေဆုံးမှုဖြစ်စဉ်ဟာ ဓမ္မတာမှန် သေဆုံးခြင်း ဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိပြီး လတ်တလောမှာတော့ သေမှုသေခင်းအဖြစ် အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024