Live
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် ကျေးရွာအခြေပြု ရေလုပ်သားများအဖွဲ့ ဖွဲ့စည်း
DVB
·
November 17, 2016
ရေလုပ်သားတွေ အများဆုံးရှိတဲ့ တနင်္သာရီတိုင်းဒေသကြီးက မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့ ရေလုပ်သားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ရည်ရွယ်ပြီး ကျေးရွာအခြေပြု ရေလုပ်သားများအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့က အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရေလုပ်ငန်းရှင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ တနင်္သာရီတိုင်း ရေလုပ်ငန်းမိတ်ဘက်အဖွဲ့က ကျေးရွာအခြေပြု အဖွဲ့အစည်း ၂ ခု အပါအဝင် ကျွန်းစုမြို့က အောက်ခြေ ရေလုပ်သားတွေကို ရွာအခြေပြု ရေလုပ်သားများအဖွဲ့ကို ဖွဲ့စည်းပေးခဲ့တာပါ။ အောက်ခြေ ရေလုပ်သားတွေ တရားမျှတတဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ငါးမဖမ်းရဇုန် သတ်မှတ်နိုင်ဖို့နဲ့ ရေလုပ်သားတွေရဲ့ အလုပ်သမားအခွင့်အရေးကို ဥပဒေဘောင်တွင်းကနေ ကာကွယ်သွားနိုင်ဖို့ ရည်ရွယ်ပြီး ကျေးရွာအခြေပြု ရေလုပ်သားများအဖွဲ့ကို ဖွဲ့စည်းပေးရတာဖြစ်တယ်လို့ တနင်္သာရီတိုင်း ရေလုပ်ငန်းမိတ်ဘက်အဖွဲ့ တာဝန်ခံ ဦးတင်ကိုကိုဦးက ဒီဗွီဘီကို ပြောပါတယ်။ ဖွဲ့စည်းထားတဲ့ ကျေးရွာအခြေပြု ရေလုပ်သားများအဖွဲ့ကို တနင်္သာရီတိုင်းဒေသကြီး ရေလုပ်ငန်းမိတ်ဘက်အဖွဲ့ရဲ့အောက်မှာ ထားရှိသွားပြီး အဖွဲ့ဝင်တွေကို လိုအပ်တဲ့ သင်တန်းတွေနဲ့ နည်းပညာတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလထဲမှာပဲ မြိတ်မြို့နယ်ထဲက အခြားမြို့နယ်တွေမှာလည်း အလားတူ ကျေးရွာအခြေပြု ရေလုပ်သားများအဖွဲ့ကို ဆက်လက်ဖွဲ့စည်းပေးသွားဖို့ အစီအစဉ်ရှိနေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024