လူတဦးကို ခေါင်းတလားတွင်း အရှင်လတ်လတ် မြှုပ်နှံမည်ဟု ခြိမ်းခြောက်သည့်ရုပ်သံ ပျံ့နှံ့

တောင်အာဖရိကနိုင်ငံမှာ လူမည်းတဦးကို အရှင်လတ်လတ်မြှုပ်နှံမယ်လို့ ခြိမ်းခြောက်ပြီး ခေါင်းတလားအတွင်း ၀င်ရောက်ဖို့ အတင်းအကျပ် နိုင်ထက်စီးနင်း ပြုလုပ်ခဲ့တဲ့ လူဖြူအမျိုးသား ၂ ဦးဟာ တရားရင်ဆိုင်နေရပါတယ်။ ၀ီလမ်အော့စ်သ၀ီဇန်နဲ့ သီယိုဂျက်ဆန် အမည်ရတဲ့ အဲဒီ လူဖြုလယ်သမား ၂ ဦးဟာ ဗစ်တာရက်သ်ဗီအမ်လော့တ်ရှ်ဝါ အမည်ရတဲ့ လူမည်းအမျိုးသားကို ခေါင်းတလားတွင်း ဖိအားပေး ၀င်ခိုင်းပြီး မြှုပ်နှံဖို့ ကြိုးစားခဲ့ကြကာ မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြတာပါ။ အမ်လော့တ်ရှ်ဝါဟာ သူတို့ရဲ့ ပိုင်နက်မြေပေါ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြတဲ့အတွက် ခုလိုလုပ်ခဲ့တာဖြစ်တယ်လို့ အောင်အာဖရိက သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကာကီရောင်ဘောင်းဘီတိုနဲ့ ရှပ်အင်္ကျီဝတ်ဆင်ထားတဲ့ လူဖြူအမျိုးသားဟာ တုတ်ချောင်းတချောင်းကို ကိုင်ထားခဲ့ကာ ခေါင်းတလားတွင်းထည့်ထားတဲ့ အမ်လော့တ်ရှ်ဝါကို ‘အထဲဝင်တော့ မင်းကို ဓာတ်ဆီနဲ့လောင်းရမယ်’ လို့ အာဖရိကန်ဘာသာနဲ့ ပြောခဲ့တာကို တွေ့ရပါတယ်။ ဘေးက နောက်တဦးကတော့ ခေါင်းတလားထဲကို မြွေပစ်ထည့်ရမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပြီး အမ်လော့တ်ရှ်ဝါဟာ ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေတဲ့ အသံကို ကြားရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လူမည်းမုန်းတီးဆန့်ကျင်ရေးကလာတဲ့ အနိုင်ကျင့် ခွဲခြားဖိနှိပ်မှုတခုဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ် တမုဟုတ်ချင်း ပျံ့နှံ့သွားခဲ့တာပါ။ တောင်အာဖရိကနိုင်ငံလူဦးရေ ၅၄ သန်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ လူမည်းတွေဖြစ်ပေမယ့် နိုင်ငံရဲ့ စီးပွားရေးအများစုကို ထိန်းချုပ်ကိုင်တွယ်ထားနိုင်တာကတော့ ၈ ရာခိုင် နှုန်းလောက်သာရှိတဲ့ လူဖြူတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတ၀ှမ်း ခုလို အနိုင်ကျင့်နှိပ်စက်မှုတွေဟာ အရင်ကတည်းက မကြာခဏ ဖြစ်လေ့ရှိနေတာပါ။ လက်ရှိမှာတော့ သူတို့ ၂ ဦးကို တရားရုံးက တရားစွဲဆို အရေးယူထားကာ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အမိန့်ချမှတ်မယ့်နေ့ကိုတော့ လာမယ့် ဇန်န၀ါရီ ၂၅ ရက်နေ့ကို ရွှေ့ထားခဲ့တဲ့အတွက် သူတို့ကို လက်ရှိမှာတော့ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ စိတ်ဆိုးဒေါသထွက်နေကြတဲ့ လူမည်းဦးရေ ၄၀၀ ကျော်လောက်ဟာ တရားရုံးရှေ့မှာ တန်းစီကာ ဆန္ဒပြခဲ့ကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up