Home
မြန်မာသတင်း
တပ်မတော်သားအမတ် ၄၀ ကျော် အစားထိုးခန့်အပ်
DVB
·
November 15, 2016
ရက်အတန်ကြာ ရပ်နားထားတဲ့ လွှတ်တော်အစည်းအဝေးတွေကို နိုဝင်ဘာ ၁၆ ရက် မနက်ဖြန် ပြန်လည်ခေါ်ယူကျင်းပဖို့ရှိနေပြီး လွှတ်တော်ပြန်လည်မစတင်ခင်မှာ တပ်တော်သား ကိုယ်စားလှယ် ၄၀ ကျော်ကို အပြောင်းအလဲ ပြုလုပ်လိုက်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေအတွက် အမျိုးသမီးတပ်မတော်အရာရှိ ၂ ဦး အပါအ၀င် ကိုယ်စားလှယ် ၃၀ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၀ ဦးနဲ့ ပြည်သူ့လွှတ်တော်အတွက် ၆ ဦး စုစုပေါင်း ၄၆ ဦးကို အစားထိုးပြောင်းလဲလိုက်တာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားတဲ့ ကိုယ်စားလှယ်တွေကို အမည်စာရင်း ပြောင်းလဲလိုကြောင်း ရွေးကောက်ပွဲ ဥပဒေနဲ့အညီ အကြောင်းကြားလာလို့ စိစစ်ပြီး အစားထိုးပြောင်းလဲလိုက်တာလို့ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက နိုဝင်ဘာ ၁၄ ရက်စွဲနဲ့ ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024