လူကုန္ကူးခံရတဲ့ ကေလးငယ္မ်ား ဩစေၾတးလ် ထောင်ထဲ ရောက်ရှိ
DVB
·
November 9, 2011
အီရတ်နဲ့ အာဖဂန်နစ္စတန်လို စစ်ဘေးစစ်ဒဏ်ခံခဲ့ရတဲ့ တိုင်းပြည်တွေကနေ လှေနဲ့ ခိုးဝင်ဖို့ ကြိုးစားသူတွေကို တားမြစ်ဖို့ ဩစတြေးလျအစိုးရက အရေးပေါ် လုပ်ဆောင်နေပါတယ်။ ဩစတြေးလျဝန်ကြီးချုပ် ‘ဂျူလီယာ ဂီလတ်ဒ်’ ကလည်း လူမှောင်ခိုကူးမှုတွေကို စံပြဖြစ်အောင် ရှင်းလင်းတိုက်ဖျက်ပစ်မယ်လို့ ကတိကဝတ်ပြုထားပါတယ်။ ဩစတြေးလျ ရေပိုင်နက်ထဲကို တရားမဝင်လူတွေ ခိုးသွင်းလာတဲ့သူကို မိရင် နှစ်ရှည်ထောင်ဒဏ်ချဖို့ ကြေညာထားပါ တယ်။ လူ ၄၀၀ လောက် ခိုးဝင်လာရင် ၄ ယောက်လောက်ကို လူကုန်ကူးမှုနဲ့ ဖမ်းမိပါတယ်။ အဲဒီ ၄ ယောက်က ရာဇဝတ်မှုကျူးလွန်လေ့ရှိတဲ့ လူမှောင်ခိုကူးဂိုဏ်းတွေက ဖြစ်ပါတယ်။ ကျန်သူတွေကတော့ ဩစတြေးလျမှာ ခိုလှုံခွင့်ရှာသူတွေ၊ သင်္ဘော ကုန်းပတ်ပေါ်မှာ အလုပ်လုပ်သူ၊ ချက်ပြုတ်သူတွေ ဖြစ်ပါတယ်။ မှောင်ခိုကူးသူတွေဟာ လူတွေကို အင်ဒိုနီးရှားရဲ့ ဝေးလံတဲ့ ရွာတွေမှာ စုစည်းထားပြီးမှ ဩစတြေးလျကို ခိုးသွင်းတာဖြစ်ပါတယ်။ လူကုန်ကူးခံရသူ အများစုက ကလေးတွေဖြစ်နေပါတယ်။ ဒီအကြောင်းကို သတင်းထောက် ‘ရေဘက်ကာ ဟန်ရှကီ’ (Rebecca Henschke) က အင်ဒိုနီးရှား တောင်ပိုင်းက ရို့ထ်ကျွန်းကို ကိုယ်တိုင်သွားပြီး သတင်းပေး ပို့ထားတာ ဖြစ်ပါတယ်။ ဘာသာပြန် သတင်းဆောင်းပါးကို ယုယုမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။