A d v e r t i s e m e n t With Us

လူကုန်ကူး​ခံရတဲ့​ က​လေး​ငယ်များ​ ဩစ​တြေး​လျ ​ထောင်ထဲ ​ရောက်ရှိ

အီရတ်နဲ့​ အာဖဂန်နစ္စတန်လို စစ်​ဘေး​စစ်ဒဏ်ခံခဲ့​ရတဲ့​ တိုင်း​ပြည်​တွေက​နေ ​လှေနဲ့​ ခိုး​ဝင်ဖို့​ ကြိုး​စား​သူ​တွေကို တား​မြစ်ဖို့​ ဩစ​တြေး​လျအစိုး​ရက အ​ရေး​ပေါ် လုပ်​ဆောင်​နေပါတယ်။ ဩစ​တြေး​လျဝန်ကြီး​ချုပ် ‘ဂျူလီယာ ဂီလတ်ဒ်’ ကလည်း​ လူ​မှောင်ခိုကူး​မှု​တွေကို စံပြဖြစ်​အောင် ရှင်း​လင်း​တိုက်ဖျက်ပစ်မယ်လို့​ ကတိကဝတ်ပြုထား​ပါတယ်။ ဩစ​တြေး​လျ ​ရေပိုင်နက်ထဲကို တရား​မဝင်လူ​တွေ ခိုး​သွင်း​လာတဲ့​သူကို မိရင် နှစ်ရှည်​ထောင်ဒဏ်ချဖို့​ ​ကြေညာထား​ပါ တယ်။ လူ ၄၀၀ ​လောက် ခိုး​ဝင်လာရင် ၄ ​ယောက်​လောက်ကို လူကုန်ကူး​မှုနဲ့​ ဖမ်း​မိပါတယ်။ အဲဒီ ၄ ​ယောက်က ရာဇဝတ်မှုကျူး​လွန်​လေ့​ရှိတဲ့​ လူ​မှောင်ခိုကူး​ဂိုဏ်း​တွေက ဖြစ်ပါတယ်။ ကျန်သူ​တွေက​တော့​ ဩစ​တြေး​လျမှာ ခိုလှုံခွင့်​ရှာသူ​တွေ၊​ သ​င်္ဘော ကုန်း​ပတ်​ပေါ်မှာ အလုပ်လုပ်သူ၊​ ချက်ပြုတ်သူ​တွေ ဖြစ်ပါတယ်။ ​မှောင်ခိုကူး​သူ​တွေဟာ လူ​တွေကို အင်ဒိုနီး​ရှား​ရဲ့​ ​ဝေး​လံတဲ့​ ရွာ​တွေမှာ စုစည်း​ထား​ပြီး​မှ ဩစ​တြေး​လျကို ခိုး​သွင်း​တာဖြစ်ပါတယ်။ လူကုန်ကူး​ခံရသူ အများ​စုက က​လေး​တွေဖြစ်​နေပါတယ်။ ဒီအ​ကြောင်း​ကို သတင်း​ထောက် ‘​ရေဘက်ကာ ဟန်ရှကီ’ (Rebecca Henschke) က အင်ဒိုနီး​ရှား​ ​တောင်ပိုင်း​က ရို့​ထ်ကျွန်း​ကို ကိုယ်တိုင်သွား​ပြီး​ သတင်း​ပေး​ ပို့​ထား​တာ ဖြစ်ပါတယ်။ ဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယုမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up