လုပ်ခအမြင့်မားဆုံး ပေးချေရသည့် အသင်းအဖြစ် မန်ယူအသင်း စံချိန်တင်

မန်ယူအသင်းဟာ ကမ္ဘာပေါ်မှာ လုပ်ခအမြင့်မားဆုံး ပေးချေရတဲ့ အသင်းအဖြစ် စံချိန်တင်ထားတယ်လို့ Global Sport ရဲ့လုပ်ခစစ်တမ်းက ဖော်ပြပါတယ်။ မန်ယူအသင်းဟာ ကစားသမားတွေအတွက် တနှစ်လုပ်ခ ပေါင် ၅ ဒသမ ၇၇ သန်း ပေးချေထားရပြီး ဒီပမာဏဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးကလပ်အသင်းတွေထဲမှာ တနှစ် ပျမ်းမျှလုပ်ခ အများဆုံး ပေးချေရတာ ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေးရတဲ့ ပေါ့ဘာနဲ့ လုပ်ခလစာမြင့်မားတဲ့ အေဗရာဟီမိုဗစ်တို့ ရောက်ရှိလာတာကြောင့် အခုလို ကမ္ဘာပေါ်မှာ လုပ်ခလစာပေးချေမှု အများဆုံးအသင်း ဖြစ်ခဲ့တာပါ။ မန်ယူအသင်းရဲ့ နောက်မှာ ဘာစီလိုနာအသင်းက တနှစ်ပျမ်းမျှလုပ်ခ ပေါင် ၅ ဒသမ ၆၅ သန်းနဲ့ ဒုတိယ လုပ်ခလစာ အများဆုံးပေးချေရတဲ့ အသင်းအဖြစ် စံချိန်တင်ထားပါတယ်။ ဘာစီလိုနာရဲ့ နောက်မှာ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်နဲ့ အာဆင်နယ်အသင်းတို့က လုပ်ခလစာ အများဆုံးပေးချေရတဲ့ အသင်းတွေအဖြစ် စံချိန်တင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up