Home
မြန်မာသတင်း
တောဆင်ရိုင်းအန္တရာယ် ကာကွယ်ရေး လျှပ်စစ်ခြံစည်းရိုး ပထမဆုံးခတ်
DVB
·
November 11, 2016
ပဲခူးရိုးမတောစပ်က တောဆင်ရိုင်းတွေ ဝင်ရောက်လေ့ရှိတဲ့ ကျေးရွာ ၄ ရွာမှာ တောဆင်ရိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် သြဂုတ်လ ပထမပတ်ကစတင်ပြီး လျှပ်စစ်ခြံစည်းရိုး ပထမဆုံးအကြိမ် ခတ်ထားပါတယ်။ တောဆင်ရိုင်း အများဆုံး ဝင်ရောက်လေ့ရှိတဲ့ ရန်ကုန်တိုင်းအတွင်းက တောဆင်ရိုင်းတွေ အများဆုံး ဝင်ရောက်တဲ့ တိုက်ကြီးမြို့နယ်အတွင်းက ကျေးရွာ ၆ ရွာကို ရွေးချယ်ထားပေမယ့် လတ်တလောမှာတော့ ကျေးရွာ ၄ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လျှပ်စစ်ခြံစည်းရိုးဟာ လူများ အန္တရာယ်မဖြစ်စေနိုင်တဲ့ လျှပ်စစ်ဓာတ်အားနဲ့ နေရောင်ခြည်ဆိုလာ အသုံးပြုထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (Smithsonoian) မှ လျှပ်စစ်ခြံစည်းရိုးတာဝန်ခံ ဦးမောင်မောင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ တိုက်ကြီးမြို့နယ်အရှေ့ဘက် ပဲခူးရိုးမ အနောက်ခြမ်းရှိ တောဆင်ရိုင်း အများဆုံး ဝင်ရောက်တဲ့ ချောင်းစောက်ကျေးရွာ၊ အလယ်မြောင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာနဲ့ သာယာအေးကျေးရွာတို့မှာ ဒေသခံတွေ တောဆင်ရိုင်းအန္တရယ် ကာကွယ်နိုင်ရေးအတွက် လျှပ်စစ်ခြံစည်ရိုးတွေ ခတ်ပေးခြင်းဖြစ်ကြောင်း၊ ကျန်ရွာနှစ်ရွာကိုတော့ တောဆင်ရိုင်းတွေ ဝင်ရောက်မှု ဒေသခံတွေ တင်ပြချက်အရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ တိုက်ကြီးမြို့နယ်အတွင်း ပဲခူးရိုးမတောင်ခြေမှာ နေထိုင်တဲ့ ကျေးရွာတွေမှာ တောဆင်ရိုင်း အန္တရာယ်ကို စိုးရိမ်ရလို့ ညနေ ၆ နာရီကျော် ရွာပြင်ကို မထွက်ရဲတော့ကြောင်း၊ တောဆင်ရိုင်းဟာ တစ်ခါတစ်ရံ တစ်ကောင်တည်း အစာရှာထွက်လေ့ရှိပေမယ့် တစ်ခါတစ်ရံ အုပ်စုလိုက် အစာရှာထွက်လေ့ရှိကြောင်း၊ ခန့်မှန်းခြေ တောဆင်ရိုင်းကောင်ရေ ၃၀ ကျော်ရှိကြောင်း၊ တစ်နှစ်လျှင် တောဆင်ရိုင်း အနင်းခံရလို့ တိုက်ကြီးမြို့နယ်အတွင်း လူ ၃ ယောက်ထက်မနည်း သေဆုံးလေ့ရှိတယ်လို့ တိုက်ကြီးမြို့နယ် ပဲခူးရိုးမတောင်ခြေမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေ နေထိုင်တဲ့ သပိတ်ကျင်း၊ တိုက်ကြီး၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွေမှာ ဆင်နဲ့လူ ပဋ္ဋိပက္ခဖြစ်ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာတနိုင်ငံလုံးအနေနဲ့ ခန့်မှန်း တောဆင်ရိုင်း ကောင်ရေ နှစ်ထောင်လောက်ရှိကြောင်း၊ တကမ္ဘာလုံးအနေနဲ့ အိန္ဒိယနိုင်ငံမှာ တောဆင်းရိုင်းအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ မြန်မာနိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် (Country Coordinator(Myanmar Program) အဖွဲ့က တောဆင်ရိုင်းများတဲ့ ဒေသတွေဆီ ကွင်းဆင်းဟောပြောပွဲတွေကို ၂၀၁၄ ခုနှစ်ကနေ စတင်ပြီး လူနဲ့ဆင် ပဋ္ဋိပက္ခမရှိစေရေး ဟောပြောပွဲတွေ၊ လက်ကမ်းစာဆောင်တွေနဲ့ ပညာပေးလုပ်ငန်းတွေလည်း လုပ်နေပါတယ်လို့ အဖွဲ့တာဝန်ရှိသူ ဦးအောင်မျိုးချစ်က ပြောပါတယ်။ သတင်းဓာတ်ပုံ - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024