Home
မြန်မာသတင်း
တိုင်းရင်းသားရေးရာဝန်ကြီးဌာန အလုပ်လုပ်ရန် အန်ဘီအက်ဖ်တိုက်တွန်း
နော်နိုရင်း
·
November 10, 2016
အစိုးရသစ်လက်ထက် အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး ဌာနအနေနဲ့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ထိရောက်စွာဆောင်ရွက်ပေးဖို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) က တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟာ တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှုနဲ့ တခြားကိစ္စရပ်တွေကို ဒီကနေ့အထိ ထိရောက်၊ ထင်ရှားစွာ ပါဝင်ကူညီဆောင်ရွက်ပေး တာမတွေ့ရသေးဘူးလို့လည်း မနေ့က ထုတ်ပြန်တဲ့ အန်ဘီအက်ဖ်အဖွဲ့ရဲ့  ၂၇ ကြိမ်မြောက်ပုံမှန် အစည်းအဝေး သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်အောင်ဆောင်ရွက်ပေးဖို့၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) မှာ  ရွေးကောက်ပွဲအနိုင်မရတဲ့ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်ခွင့်ပေးဖို့၊ စစ်ပြေးဒုက္ခသည်တွေကို လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေပေးဖို့ စတာတွေလည်း တိုက်တွန်းထားပါတယ်။ အန်ဘီအက်ဖ်အနေနဲ့ ဒီဝန်ကြီးဌာနပေါ်ပေါက်လာဖို့  ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းက ကြိုးပမ်း လာခဲ့ပြီး အခုစိုးရသစ်လက်ထဲမှာ စတင်ဖွဲ့စည်းတည်ထောင်လိုက်ပေမယ့်အခုချိန်ထိ တိုင်းရင်းသားတွေအတွက်ဘာတခုမှ လုပ်ဆောင်ပေးတာမရှိသေးဘူးလို့ အန်ဘီအက်ဖ် ပြောခွင့်ရသူ ဦးဇိုဇမ်က ပြောပါတယ်။ “ကျနော်တို့မှန်းထားတာက တိုင်းရင်းသားရေးရာဝန်ကြီးတွေက ပြည်နယ်နဲ့ တိုင်းတွေမှာ အများကြီးရှိတယ်လေ။ သူတို့နဲ့ အတူတကွအလုပ်လုပ်ဖို့ ဗဟိုမှာက ပြည်ထောင်စုဝန်ကြီးက မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ အဓိက ရည်မှန်းထားတာက ဒီအသစ်ခန့်ထားတဲ့ ပြည်ထောင်စု တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနဟာ ဒီတိုင်း ငုတ်တုတ်ထိုင်နေဖို့မဟုတ်ဘူး။ ဒီတိုင်းနဲ့ပြည်နယ် ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွေနဲ့ သူက ချိတ်ဆက်ပြီးမှ အလုပ်လုပ်ရ မယ်ဆိုတဲ့ဟာပါ။ အဓိကအာဖြင့်ဆိုလို့ရှိရင် ကျနော်တို့ ချင်းပြည်နယ်မှာ အဓိကကျောင်းမှာ ကျနော်တို့ရဲ့ချင်းစာပေသင်ကြားဖို့ကိစ္စတွေ၊ ဘာသာရပ်တွေလည်း ချင်းလိုသင်ကြားနိုင်ဖို့ကိစ္စ တွေ၊ အစိုးရဟောင်းလက်ထဲမှာကတည်းက ကျနော်တို့ကြိုးစားလာခဲ့တာဖြစ်တယ်။ အဲဒီဟာတွေ က ဘယ်လိုမှ အကောင်အထည်ဖော်ခဲ့ဘူးလေ။ အခုလည်းပဲ ပြည်ထောင်စု တိုင်းရင်းသားရေး ရာဝန်ကြီးဌာနဆိုတာ ခန့်တော့ခန့်တယ်။ ဒါပေမယ့်မယ်မယ်ရရ ဘာတခုမှ ဒီကိစ္စတွေ အတွက်လုပ်ပေးတာမရှိဘူး။ အဲဒါကြောင့် သူတို့ကို ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး ဌာနအနေနဲ့  ဘာလုပ်ရမလဲဆိုတာအလုပ်တာဝန် ပေးရမှာပေါ့ဗျာ။ အစိုးရသစ်အနေနဲ့ အခုက ဘာလုပ်ငန်းတာဝန်မှမရှိသေးတဲ့ပုံစံဖြစ်နေတယ်။ ” ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အယ်လ်တူး မိန်းဂေါင်ကတော့  ဒီဝန်ကြီးဌာနဟာ အသစ်ဖြစ်တာကြောင့် ဖွဲ့စည်းပုံ၊ ၀န်ထမ်းရွေးချယ် ခန့်အပ်တာနဲ့ ဘတ်ဂျတ်ရရှိရေးကိစ္စတွေဆောင်ရွက်နေဆဲပဲလို့  အမှုထမ်း ၇ ယောက်ပဲ ရှိသေးတယ်လို့ပါတယ်။ “ကျနော်တို့ဝန်ကြီးဌာန မပေါ်ခင် မရှိခင်တုန်း ကလည်း ဒီလိုတိုင်းရင်းသားရေးရာနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း ပြည်ထောင်စုအစိုးရမှာ တာဝန်ရှိတော့ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထဲကလည်း ဒီကိစ္စမျိုးတွေက သက်ဆိုင်ဝန်ကြီးဌာန အဲဒီတုန်းကတော့ ပြန့်ကျဲနေတဲ့ဝန်ကြီးဌာနတွေက ကဏ္ဍအလိုက် ဆောင်ရွက်ခဲ့တဲ့ အနေအထားပါ။ ကျနော်တို့ တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာန ပေါ်လာပြီးခဲ့တခါ ဒီတာဝန်တွေက ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို  ကိုင်တိုင်ကိုယ်ကျ ဒီလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကကတော့ ဒီလုပ်ငန်းတွေဆောင်ရွက်ဖို့ဆိုတာ အဓိကကတော လူရယ်၊ ငွေကြေး၊ ပစ္စည်းတွေ လည်းလိုပါတယ်။ အခုက ကျနော်တို့ ၀န်ထမ်းအင်အားစုဖွဲ့တဲ့အဆင့်ပဲ ရှိပါသေးတယ်။ လက်ရှိ အချိန်အထိ ကျနော်တို့ဌာနမှာ တာဝန်ထမ်းနေတဲ့အရာထမ်းအမှုထမ်း ၇ ယောက်ပဲ ရှိပါသေး တယ်။ ဒီလကုန်ရင်တော့ အမှုထမ်း ၁၄၀ လောက်က ကျနော်တို့ဝန်ကြီးဌာနထဲကို သတင်းပို့ တဲ့အဆင့်ရောက်သွားမယ်။ ပြီးရင် အရာထမ်း ၅၀ လောက် ကျနော်တို့ဝန်ထမ်းတွေဖြစ်လာမယ်။ ပြီးရင် ပြည်နယ်နဲ့တိုင်းတွေမှာလည်း ရုံးတချို့ ဖွင့်သွားဖို့ ကြိုးစားမယ်။ ” သမ္မတ ဦးထင်ကျော်ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထဲအစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၂၁ ခုနဲ့ စတင်ဖွဲ့ စည်းခဲ့ပြီး အဲဒီထဲက  အရင်အစိုးရအဆက်ဆက်ကမရှိဖူးသေးတဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို ပထမဆုံးအကြိမ် ထည့်သွင်းဖွဲ့စည်းခဲ့ပါတာပါ။ တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့  ပြည်ထောင်စုဝန်ကြီးကတော့  နိုင်သက်လွင်ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024