Home
မြန်မာသတင်း
ရွေး​ကောက်ပွဲကိစ္စ စဉ်း​စား​ရန် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို တိုက်တွန်း
နေသွင်
·
November 8, 2011
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ရွေး​ကောက်ပွဲဝင်ဖို့​ မဆုံး​ဖြတ်ခင် အကျိုး​အပြစ်​တွေကို အ​လေး​အနက်စဉ်း​စား​ဖို့​ မဟာမိတ်ပါတီ​တွေက တိုက်တွန်း​လိုက်တယ်လို့​ သိရပါတယ်။ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ မဟာမိတ်အစုအဖွဲ့​ဖြစ်တဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု ​ကော်မတီ (စီအာပီပီ)ရဲ့​ မ​နေ့​က အစည်း​အ​ဝေး​မှာ ခုလိုတိုက်တွန်း​လိုက်တာဖြစ်ပါတယ်။ ‘စီအာပီပီ’အစည်း​အ​ဝေး​မှာ အဖွဲ့​ချုပ်အ​နေနဲ့​ ပါတီကို မှတ်ပုံတင်သင့်​ကြောင်း​ ဆုံး​ဖြတ်​ပေမယ့်​ ​ရွေး​ကောက်ပွဲဝင်​ရေး​ကိစ္စ အ​ပေါ်မှာ​တော့​ မဆုံး​ဖြတ်နိုင်ခဲ့​ဘူး​လို့​ သိရပါတယ်။ စီအာပီပီကို ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ ရှမ်း​၊​ ရခိုင်၊​ ဇိုမီး​၊​ မွန်ပါတီတို့​က ​ခေါင်း​ဆောင်​တွေနဲ့​ ​ရွေး​ကောက်ပွဲရလဒ် အ​ကောင်အထည်​ဖော်ဖို့​ ရည်ရွယ်ချက်နဲ့​ ၁၉၉၈ ခုနှစ်မှာ ဖွဲ့​စည်း​ခဲ့​တာဖြစ်ပါတယ်။ မ​နေ့​က ‘စီအာပီပီ’အစည်း​အဝး​ကို ‘စီအာပီပီ’အဖွဲ့​ဝင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ဦး​တင်ဦး​၊​ ​ဒေါ်​အောင်ဆန်း​စုကြည်၊​ ဦး​ဝင်း​တင်နဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေက ​ခေါင်း​ဆောင်​တွေ တက်​ရောက်တယ်လို့​ သိရပါတယ်။ ‘စီအာပီပီ’အဖွဲ့​ဝင်​တွေထဲက အကျဉ်း​ကျခံ​နေရတဲ့​ ရှမ်း​အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အက်စ်အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ခွန်ထွန်း​ဦး​တော့​ အစည်း​အ​ဝေး​ကို မတက်နိုင်ပါဘူး​။ အန်အယ်လ်ဒီပါတီ ​ရွေး​ကောက်ပွဲဝင်​ရေး​၊​ မဝင်​ရေး​ ကိစ္စနဲ့​ပတ်သက်လို့​ မဟာမိတ်ပါတီတရပ်ရဲ့​ သ​ဘောထား​ကို ​မေး​မြန်း​ရာမှာ အက်စ်အန်အယ်လ်ဒီ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​စိုင်း​လိတ်က သူတို့​ပါတီက အန်အယ်လ်ဒီပါတီကိစ္စကို ဝင်​ရောက်စွက်ဖက်ဖို့​မရှိဘူး​လို့​ ​ပြောပါတယ်။ ဒါ​ပေမယ့်​ အက်စ်အန်အယ်လ်ဒီအ​နေနဲ့​တော့​ ပါတီ​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ခွန်ထွန်း​ဦး​၊​ စိုင်း​ညွန့်​လွင်တို့​ အကျဉ်း​ကျ​နေဆဲဖြစ်တဲ့​အတွက် ပါတီမှတ်ပုံတင်ဖို့​၊​ ​ရွေး​ကောက်ပွဲဝင်ဖို့​ မရှိဘူး​လို့​ ​ပြောပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က​တော့​ ပါတီမှတ်ပုံတင်​ရေး​၊​ မတင်​ရေး​နဲ့​ ​ရွေး​ကောက်ပွဲဝင်​ရေး​၊​ မဝင်​ရေး​ ကိစ္စကို လာမယ့်​ နိုဝင်ဘာ ၁၈ ရက် ပြည်နယ်နဲ့​ တိုင်း​ အလုပ်အမှု​ဆောင်​တွေရဲ့​ အစည်း​အ​ဝေး​က​နေ ဆုံး​ဖြတ်မယ်လို့​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024