Home
မြန်မာသတင်း
မောင်တောတွင် အကြမ်းဖက်သမားများအား ရိက္ခာနှင့် ငွေကြေးထောက်ပံ့သူ ၂ ဦး ဖမ်းမိ
DVB
·
November 9, 2016
မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးနေသူ ၂ ဦးကို ဖမ်းဆီးရမိလိုက်ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုးတန်ကောက် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူတွေထဲက တချို့သောသူတွေဟာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့နေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေ ၀င်ရောက်စစ်ဆေးရှာဖွေရာ မနေ့က မွန်းလွဲ ၁ နာရီမှာ အဲဒီစခန်းနေ ဖေမာမောက်နဲ့ ရှော်ရှီတာမောက်တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ ၂ ဦးကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အင်းဒင်နယ်မြေရဲစခန်းကို စနစ်တကျ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024