အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိအချိန်ထိ ဒေါ်နယ်ထရမ့် မဲအသာဖြင့် ဦးဆောင်

1.9K
နိုဝင်ဘာ ၈ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲ မဲရလဒ်တွေကို စတင် ရေတွက်နေရာမှာ မြန်မာစံတော်ချိန် မနက် ၁၁ နာရီလောက်ထိ နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ကိုယ်စားလှယ်မဲ ၂၁၆ မဲ၊ ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်က ၂၀၉ မဲ ရရှိထားပါတယ်။
အမေရိကန် ရွေးကောက်ပွဲစနစ်အရ ပြည်နယ်တခုချင်းစီမှာ လူဦးရေနဲ့ အချိုးကျရှိနေတဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်မဲ Electoral Vote ၅၃၈ မဲအနက် သမ္မတလောင်းတဦးက အနိုင်ရဖို့ စုစုပေါင်း ၂၇၀ ရရှိဖို့ လိုအပ်တာ ဖြစ်ပါတယ်။