Live
Home
မြန်မာသတင်း
အန်အယ်လ်ဒီ မှတ်ပုံတင် မတင် နိုဝင်ဘာ ၁၈ ရက်တွင် ဆုံး​ဖြတ်မည်
ရွှေအောင်
·
November 8, 2011
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ပါတီ မှတ်ပုံတင် မတင်ကိစ္စကို လာမယ့်​ နိုဝင်ဘာ ၁၈ ရက်​နေ့​မှာ ပြည်နယ်တိုင်း​အဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင် (စီစီ) ​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ ဆုံး​ဖြတ်ချက်ချသွား​မယ်လို့​ သိရပါတယ်။ ဒီ​နေ့​ မနက်ပိုင်း​က တက္ကသိုလ်ရိပ်သာလမ်း​နေအိမ်မှာ ပြုလုပ်တဲ့​ အဖွဲ့​ချုပ်ဗဟိုအလုပ်အမှု​ဆောင်အစည်း​အ​ဝေး​က​နေ ခုလိုဆုံး​ဖြတ်ချက်ချခဲ့​တာလို့​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။ “ဆုံး​ဖြတ်ချက်က စီစီရဲ့​ သ​ဘောတူညီချက်ယူပြီး​မှ ဆုံး​ဖြတ်ဖို့​ ဆုံး​ဖြတ်ခဲ့​ကြတယ်။ အဲဒါ စီစီ​တွေကို လာမယ့်​ ၁၈ ရက်​နေ့​ မနက် အစည်း​အ​ဝေး​အတွက် ကျ​နော်တို့​ စတင်ပြီး​ ​ခေါ်​နေပါတယ်။ မှတ်ပုံတင်​ရေး​နဲ့​ပတ်သက်လို့​ ကျ​နော်တို့​ အဓိကအား​ဖြင့်​ နိုင်ငံ​ရေး​ပါတီမှတ်ပုံတင်ခြင်း​ ပြင်ဆင်ချက်ဥပ​ဒေ ထွက်လာတယ်​လေ။ အဲဒီ ပြင်ဆင်ချက်ဥပ​ဒေမှာ ပါတဲ့​ ပြင်ဆင်ချက်များ​ဟာ ကျ​နော်တို့​နဲ့​ သ​ဘောတူတဲ့​၊​ ကျ​နော်တို့​ လိုလား​တဲ့​ အချက်​တွေလည်း​ ဖြစ်ပါတယ်။ ဒါ​ကြောင့်​ မှတ်ပုံတင်​ရေး​အတွက် ကျ​နော်တို့​ စီစီ​ခေါ်ပြီး​ အဆုံး​အဖြတ်ပြုမှာပါ။ ” ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က ပါတီမှတ်ပုံတင်သင့်​ မတင်သင့်​ကိစ္စ ဗဟိုအလုပ်အမှု​ဆောင်နဲ့​ ပြည်နယ်တိုင်း​အမှု​ဆောင်​တွေ စည်း​ဝေး​ပြီး​ ပါတီမှတ်ပုံမတင်​ရေး​ကို မဲခွဲဆုံး​ဖြတ်အတည်ပြုခဲ့​ကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024