Homeအာရှဒေသ
နီပေါအစိုးရနဲ့ မော်ဝါဒီသူပုန်တွေကြား သမိုင်းဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီမှု ရရှိ
နီပေါအစိုးရနဲ့ မော်ဝါဒီသူပုန်တွေကြား သမိုင်းဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီမှု ရရှိ
DVB
·
November 7, 2011
နီပေါနိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီတွေဟာ ကာလအတန်ကြာ အချေအတင်ဆွေးနွေးခဲ့ပြီးနောက်၊ ယခု သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်မှာ ယခင် မော်ဝါဒီ တပ်သား ၁၉,၀၀၀ ရဲ့ အနာဂတ်အတွက် ဆွေးနွေးမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ မော်ကွန်မြူနစ်ဝါဒီ သူပုန်တွေဟာ ဆယ်စုနှစ်အတော်ကြာ ပုန်ကန်ထကြွခဲ့ပြီး၊ သူပုန်တပ်သား ၁၈,၀၀၀ ကျော် သေဆုံး ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ သူပုန်တွေ လက်နက်ချခဲ့ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု စတင် လုပ်ဆောင်ခဲ့ပါတယ်။ အခု သဘောတူညီချက်အရ မော်ဝါဒီတပ်သားဟောင်း သုံးပုံတပုံကို အစိုးရစစ်တပ်ထဲ ပေါင်းထည့်မှာဖြစ်ပြီး၊ ကျန်တပ်သားတွေကိုတော့ ငွေကြေးထောက်ပံ့ပြီး အနားယူခိုင်းမှာ ဖြစ်ပါတယ်။ ယခု အဲဒီ သူပုန် တပ်သားဟောင်းတွေရဲ့ အနာဂတ်ကို ခါသမန်ဒူမြို့မှ ‘ဆူနီလ် နျူပန်နီ’ (Sunil Neupane )က ဆွေးနွေးတင်ပြ သတင်း ပေးပို့ထားတာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။