ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေး အွန်လိုင်း ရုပ်မြင်သံကြားလိုင်းသစ်
DVB
·
November 4, 2011
ယခုအပတ်ထဲ အမေရိကန်နဲ့ မြောက်ကိုရီးယား အရာရှိတွေ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တွေ့ဆုံပြီး မြောက်ကိုရီယားရဲ့ နျူကလီးယားလက်နက်လျှော့ပေါ့ရေးကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီအချိန် တောင်ကိုရီးယားဘက်မှာလည်း အခြားအစီအစဉ်တွေ ဆောင်ရွက်ခဲ့ပါတယ်။ တောင်ကိုရီးယား လူငယ်အများစုဟာ မြောက်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေးကို စိတ်ဝင်စားမှုနည်းပြီး၊ သူ့တို့ စိတ်ထဲမှာ ဒီကိစ္စကို ခပ်ပေါ့ပေါ့ပဲ သဘောထားကြပါတယ်။ ဒါကြောင့် တောင်ကိုရီးယားအစိုးရက မကြာခင်က လူငယ်တွေစိတ်ဝင်စားဖို့အတွက် နှစ်နိုင်ငံ ပေါင်းစည်းရေး အွန်လိုင်း ရုပ်မြင်သံကြားလိုင်းသစ် တခု ထုတ်လွှင့်ခဲ့ပါတယ်။ ဒီအကြောင်းကို ဆိုးလ်မြို့မှ သတင်းထောက် ‘ဂျေဆင် စတိုသာ’ (Jason Strother) က သတင်းပေးပို့ထားတာဖြစ်ပါတယ်။ ဒီ ဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။