A d v e r t i s e m e n t With Us

ကိုရီး​ယား​နှစ်နိုင်ငံ ​ပေါင်း​စည်း​ရေး​ အွန်လိုင်း​ ရုပ်မြင်သံကြား​လိုင်း​သစ်

ယခုအပတ်ထဲ အ​မေရိကန်နဲ့​ ​မြောက်ကိုရီး​ယား​ အရာရှိ​တွေ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့​မှာ ​တွေ့​ဆုံပြီး​ ​မြောက်ကိုရီယား​ရဲ့​ နျူကလီး​ယား​လက်နက်​လျှော့​ပေါ့​ရေး​ကို ​ဆွေး​နွေး​ခဲ့​ပါတယ်။ အဲဒီအချိန် ​တောင်ကိုရီး​ယား​ဘက်မှာလည်း​ အခြား​အစီအစဉ်​တွေ ​ဆောင်ရွက်ခဲ့​ပါတယ်။ ​တောင်ကိုရီး​ယား​ လူငယ်အများ​စုဟာ ​မြောက်ကိုရီး​ယား​နဲ့​ ပြန်လည်​ပေါင်း​စည်း​ရေး​ကို စိတ်ဝင်စား​မှုနည်း​ပြီး​၊​ သူ့​တို့​ စိတ်ထဲမှာ ဒီကိစ္စကို ခပ်​ပေါ့​ပေါ့​ပဲ သ​ဘောထား​ကြပါတယ်။ ဒါ​ကြောင့်​ ​တောင်ကိုရီး​ယား​အစိုး​ရက မကြာခင်က လူငယ်​တွေစိတ်ဝင်စား​ဖို့​အတွက် နှစ်နိုင်ငံ ​ပေါင်း​စည်း​ရေး​ အွန်လိုင်း​ ရုပ်မြင်သံကြား​လိုင်း​သစ် တခု ထုတ်လွှင့်​ခဲ့​ပါတယ်။ ဒီအ​ကြောင်း​ကို ဆိုး​လ်မြို့​မှ သတင်း​ထောက် ‘​ဂျေဆင် စတိုသာ’ (Jason Strother) က သတင်း​ပေး​ပို့​ထား​တာဖြစ်ပါတယ်။ ဒီ ဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​တာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up