Home အာရှဒေသ ဂျာကာတာမြို့ ပန်းခြံထဲမှ `ဗဟုဝါဒ´ သင်ကြားပေးနေတဲ့ စာသင်ကျောင်း
ဂျာကာတာမြို့ ပန်းခြံထဲမှ `ဗဟုဝါဒ´ သင်ကြားပေးနေတဲ့ စာသင်ကျောင်း
indonesia_pluralism_park_web_111029 အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့မှာ ဈေးဝယ်ထွက်စရာ Shopping Mallတွေ တရာကျော်လောက်ရှိပြီး ဈေးဝယ်စင်တာတွေမှာ ကလေးကစားကွင်းတွေလည်း ပါရှိပါတယ်။ မိဘတွေကလည်း ကလေးကစားကွင်းတွေနဲ့ လေအေးပေးစက်တပ်ထားတဲ့ ဈေးဝယ်စင်တာတွေက ကစားကွင်းတွေကိုပဲ ကလေးတွေကို ပို့ပေးကြပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ မိခင်ဂဦးဟာ သူတို့ကလေးတွေကို အဲဒီ့ကစားကွင်းတွေကို မပို့ဘဲ ကစားတာနဲ့ ပညာပေးတာ နှစ်ခုစလုံး သင်ကြားပေးနိုင်မယ့် အပြင်နေရာလေးတခုကို ရွေးချယ်ခဲ့ကြပါတယ်။ စနေနေ့တိုင်း ဂျာကာတာမြို့လယ် `အမီယာ ဟမ်ဇာ´ ပန်းခြံမှာ သူတို့စုဆုံကြပါတယ်။ ပန်းခြံမှာ ကလေးတွေကို ဘာသာရေး ယုံကြည်ချက်မတူမှုအပေါ် အမြင်ရှင်းလင်းစွာနဲ့ သည်းခံမှုရှိဖို့ သင်ကြားပေးနေပါတယ်။ သူတို့ရဲ့ အခုလို လုပ်ဆောင်မှုဟာ အင်ဒိုနီးရှားနိုင်ငံလို အစ္စလာမ်ဘာသာ ယုံကြည်ကိုးကွယ်သူများပြားတဲ့ နိုင်ငံမှာ အလွန်အရေးကြီးပါတယ်။ ဒီအကြောင်းကို သတင်းထောက် `အဲရင် ဆွမ်ဒရီ´(Arin Swandari) က ပန်းခြံထဲက `ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာတရားအားလုံးကို ငြိမ်းချမ်းစွာအတူယှဉ်တွဲ လက်ခံယုံကြည်တဲ့ `ဗဟုဝါဒ´ ´ စာသင်ခန်းလေးဆီ သွားရောက်လေ့လာ ခဲ့တဲ့အကြောင်း သတင်းပေးပို့ထားတာကို နားဆင်ရမှာပါရှင်။
ဆက်စပ်သတင်းများ