အစိုးရကထိန်ပွဲ ငွေကျပ် ၅၉ သန်းခန့် လှူဒါန်းခဲ့

1.5K
အစိုးရအဖွဲ့ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နေပြည်တော်မှာ ဒီနေ့ ပြုလုပ်ခဲ့ပြီး ငွေကျပ် ၅၉ သန်းလောက် လှူဒါန်းခဲ့တယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ကထိန်ပဒေသာပင် ကျပ် ၃၁ သန်းကျော်နဲ့ န၀ကမ္မလှူဒါန်းငွေ ကျပ် ၂၇သန်းကျော် ဖြစ်ပြီး ကထိန်အလှူပွဲကို သမ္မတဦးထင်ကျော်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် လှူဒါန်းခဲ့ကြပါတယ်။