
‘ဂျို့စ် မာရီယာစီဆန်’(Jose Maria Sison) ဆိုသူဟာ သူ့ဇာတိ ဖိလစ်ပိုင်နိုင်ငံနဲ့ ဝေးကွာနေတာ ကြပြီဖြစ်ပေမဲ့၊ သူ့နိုင်ငံအကြောင်း အချိန်ပြည့်တွေးနေတဲ့သူပါ။ ဖိလစ်ပိုင်အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့လို့ ထောင်အကြိမ်ကြိမ်ကျခဲ့ပြီးနောက် ဆယ်စုနှစ်များစွာ သူ့နိုင်ငံနဲ့ ဝေးကွာနေခဲ့ပါတယ်။ သူ့ကို အမေရိကန်အစိုးရကလည်း အကြမ်းဖက်သမားစာရင်းထဲ ထည့်သွင်းခဲ့ပါသေး တယ်။ အခု နယ်သာလန်မှာ ပြည်ပြေးဘဝနဲ့ နေထိုင်နေတဲ့ မာရီယာစီဆန် ကို သတင်းထောက် ‘ဂျိုဖလ်လီ တီဆိုရီယို’( Jofelle Tesorio )က တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီသတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။