အိန္ဒိယရဲ့ ပိုလီယိုရောဂါ တိုက်ဖျက်ရေး အောင်မြင်မှုရှိ
DVB
·
October 31, 2011
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ပိုလိယိုအကြောသေရောဂါ ပပျောက်မှုရှိနေပြီဖြစ်ပေမဲ့၊ အိန္ဒိယနဲ့ အခြားနိုင်ငံ ၄ နိုင်ငံမှာတော့ အကြောသေရောဂါတွေ ဆက်ဖြစ်ပွားနေခဲ့ပါတယ်။ မကြာသေးခင်ကတော့ အိန္ဒိယအစိုးရက အိန္ဒိယမှာ ပိုလီယိုရောဂါကို လုံးဝတိုက်ဖျက်နိုင်တော့မယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ တကမ္ဘာလုံး ပိုလီယိုတိုက်ဖျက်ရေး စတင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းကဆိုရင်၊ အိန္ဒိယဟာ ယခုလိုအောင်မြင်မှု ရရှိဖို့အတွက် အချိန်ကာလကြာမြင့်စွာ လုပ်ဆောင်ခဲ့ရတာ ဖြစ်တဲ့အကြောင်း အိန္ဒိယမှ အေရှားကောလင်း သတင်းထောက် ‘ဘစ်မီလာ ဂီလာနီ’(Bismillah Geelani) က သတင်းပေးပို့ထားပါတယ်။ ဒီ ဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။