မကွေးတိုက်စစ်မှူး စိုးမင်းနိုင်ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ

ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်
မြန်မာနေရှင်နယ်လိဂ် ၂၀၁၇ ဘောလုံးရာသီအတွက် ပြင်ဆင်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ မကွေးအသင်း တိုက်စစ်မှူး စိုးမင်းနိုင်ကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ မကွေးအသင်းခေါင်းဆောင်နဲ့ တိုက်စစ်မှူးတဦးလည်းဖြစ်တဲ့ စိုးမင်းနိုင်ဟာ မကွေးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းနဲ့ လက်တွဲခဲ့တာဖြစ်တယ်လို့ ရန်ကုန်ယူနိုက်တက်က သတင်းထုတ်ပြန်ပါတယ်။ တိုက်စစ်မှူး စိုးမင်းနိုင်ဟာ ကစားသမားဘဝကို ၂၀၀၂ ခုနှစ်က ရန်ကုန် အား/ကာ သိပ္ပံမှာ စတင်ခဲ့ပြီး မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ မြန်မာ့မီးရထားဝန်ကြီးဌာနအသင်းမှာ ဝင်ရောက်ကစားခဲ့ပြီး ၂၀၀၈ ခုနှစ်က မြန်မာ့လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပါသေးတယ်။ သူဟာ မြန်မာနေရှင်နယ်လိဂ်စတင်တဲ့ ၂၀၀၉ ခုနှစ်ကစလို့ မကွေးအသင်းမှာ ၈ နှစ်ကြာ ကစားခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

More News
Up